သင်ခန်းစာ 42
ဘယ်ဟာကအရသာအရှိဆုံးလဲ မသိဘူးနော်။

အန်းနာဟာ သူ့တက္ကသိုလ်က လေ့လာရေးခရီးစဉ်တစ်ခုမှာ လိုက်ပါနေပါ တယ်။ သူဟာ ရှင်းကန်းဆဲန်ကျည်ဆန် ရထားပေါ်မှာရောင်းတဲ့ ထမင်းဗူးကို ဝယ်မှာ ဖြစ်ပါ တယ်။
အဓိက စကားပြောများ
DORE GA ICHIBAN OISHII KANA
သင်ခန်းစာ စာမူများ
アンナ | どれがいちばんおいしいかな。 | ဘယ်ဟာ ကအရသာအရှိဆုံး လဲမသိဘူးနော်။
|
---|---|---|
အန်းနာ | DORE GA ICHIBAN OISHII KANA.
ဘယ်ဟာ ကအရသာအရှိဆုံး လဲမသိဘူးနော်။
|
|
販売員 | 幕の内弁当は人気がありますよ。 | မာခုနော့အုချိ ထမင်းဘူးက လူကြိုက်များပါတယ်။
|
အရောင်း ဝန်ထမ်း | MAKUNOUCHI-BENTÔ WA NINKI GA ARIMASU YO.
မာခုနော့အုချိ ထမင်းဘူးက လူကြိုက်များပါတယ်။
|
|
アンナ | じゃ、私は幕の内。 | ဒါဆိုရင် ကျွန်မကတော့ မာခုနော့အုချိ
|
အန်းနာ | JA, WATASHI WA MAKUNOUCHI.
ဒါဆိုရင် ကျွန်မကတော့ မာခုနော့အုချိ
|
|
ロドリゴ | 僕も。支払いは別々にお願いします。 | ကျွန်တော်ရောပဲ။ ကျသင့်ငွေကို ကျေးဇူးပြုပြီးသပ်သပ်စီ တွက်ပေးပါ။
|
ရိုဒိုရီဂို | BOKU MO. SHIHARAI WA BETSUBETSUNI ONEGAI SHIMASU.
ကျွန်တော်ရောပဲ။ ကျသင့်ငွေကို ကျေးဇူးပြုပြီးသပ်သပ်စီ တွက်ပေးပါ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
DORE GA ICHIBAN DESU KA
ဘယ်ဟာက အ(-- )ဆုံးလဲ မသိဘူးနော်။
ICHIBAN (ပထမဆုံး၊ အကောင်းဆုံး၊ နံပါတ် ၁) ဆိုတဲ့ စကားလုံးကိုသုံးပြီး မေးခွန်းလုပ်မယ်ဆိုရင် ICHIBANရဲ့ရှေ့မှာ နှိုင်းယှဉ်ပြီးမေးတဲ့ အမေးနာမ်စားအမျိုးမျိုး ကိုသုံးနိုင်ပါတယ်။
ကျေးဇူးပြုပြီး သင်ကြားရေး အထောက်အကူပြုပစ္စည်းစာမျက်နှာကို သွားလေ့လာပါ။
သင်ပေးပါဆရာမ
ICHIBAN
၃ ခု ဒါမှမဟုတ် ၃ ခုထက်ပိုတဲ့အရာတွေကို နှိုင်းယှဉ်တဲ့အခါ အဲဒီထဲက အကောင်းဆုံးကို ICHIBAN (အကောင်းဆုံး၊ ပထမဆုံး၊ နံပါတ် ၁) လို့ပြောပါတယ်။ ဥပမာ ဒါကိုစိတ်အဝင်စားဆုံးပဲလို့ပြောချင်တဲ့အခါမှာဆိုရင် စိတ်ဝင်စားဖွယ်ကောင်းသောဆိုတာက OMOSHIROI ။ ဒီတော့ ICHIBAN OMOSHIROI DESU လို့ပြောပါတယ်။ နာမဝိသေသန OMOSHIROI ကမပြောင်းပါဘူး။
အိုနိုမာတိုပဲ
ဗိုက်ဆာနေတယ်။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်မှာ ရထားဘူတာရုံတွေတော်တော်များများမှာ ဒေသထွက် အထူးပစ္စည်း တွေကိုသုံးထားတဲ့ အဲကိဘန် EKIBENလို့ခေါ်တဲ့ ထမင်းဗူးတွေကို ရောင်းပါတယ်။ အမျိုးမျိုးစားကြည့်ချင်လိုက်တာ။
