သင်ပေးပါဆရာမ
ICHIBAN (သင်ခန်းစာ 42)
၃ ခု ဒါမှမဟုတ် ၃ ခုထက်ပိုတဲ့အရာတွေကို နှိုင်းယှဉ်တဲ့အခါ အဲဒီထဲက အကောင်းဆုံးကို ICHIBAN (အကောင်းဆုံး၊ ပထမဆုံး၊ နံပါတ် ၁) လို့ပြောပါတယ်။ ဥပမာ ဒါကိုစိတ်အဝင်စားဆုံးပဲလို့ပြောချင်တဲ့အခါမှာဆိုရင် စိတ်ဝင်စားဖွယ်ကောင်းသောဆိုတာက OMOSHIROI ။ ဒီတော့ ICHIBAN OMOSHIROI DESU လို့ပြောပါတယ်။ နာမဝိသေသန OMOSHIROI ကမပြောင်းပါဘူး။ယှဉ်ပြီးပြောတဲ့အခါမှာ DE ကိုသုံးပြီးဖော်ပြပါတယ်။ ဂျပန်မှာ နံပါတ် ၁ ဆိုတာကို NIHON DE ICHIBAN လို့ပြောပါတယ်။ ဖူဂျီတောင်က ဂျပန်မှာ အမြင့်ဆုံးဆိုတာကို ဘယ်လိုပြောမလဲဆိုရင် မြင့်သောဆိုတာက TAKAI ဒီတော့ FUJISAN WA NIHON DE ICHIBAN TAKAI DESU လို့ပြောရပါတယ်။

ပြောသူနဲ့နားထောင်တဲ့သူ အတူကြည့်နေတဲ့အရာတွေကို နှိုင်းယှဉ်ပြီး ပြောတဲ့အခါမှာ DORE GA (ဘယ်ဟာက) ကိုသုံးပါတယ်။ ဒီတော့ ဘယ်ဟာအကြိုက်ဆုံးလဲဆိုတာကို ပြောကြည့်ရအောင်။ ကြိုက်တယ်ဆိုတာက SUKI။ ဒီတော့ DOREGA ICHIBAN SUKI DESU KA လို့ပြောပါတယ်။
ကိုယ့်ရှေ့မှာရှိတဲ့အရာကို မေးမယ်ဆိုရင် NANI GA (ဘာကို) ဆိုတာကိုသုံးပါတယ်။ ဒီတော့ ဘာကို အကြိုက်ဆုံးလဲဆိုတာကို NANI GA ICHIBAN SUKI DESU KA လို့ပြောပါတယ်။

နေရာတွေကို နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင် DOKO GA (ဘယ်နေရာက) ဆိုတာကိုကိုသုံးပါတယ်။
နေ့ရက်အချိန်တွေကို နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင် ITSU GA(ဘယ်အချိန်က) ဆိုတာကို သုံးပါတယ်။