NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 39

သင်ခန်းစာ 39

အအေးမိတာထင်တယ်။

အန်းနာဟာ သိပ်နေမကောင်းတဲ့အတွက် အဆောင်မှူးနဲ့အတူ ဆေးရုံကိုသွားပြီး ဆရာဝန်နဲ့ သွားပြခဲ့ပါတယ်။

သင်ခန်းစာ 39 ၁ဝ မိနစ်

အဓိက စကားပြောများ

KAZE DA TO OMOIMASU

သင်ခန်းစာ စာမူများ

医者 どうしましたか。 ဘာဖြစ်တာလဲ။
ဆရာဝန် DÔ SHIMASHITA KA.
ဘာဖြစ်တာလဲ။
アンナ せきが出ます。 ချောင်းဆိုးပါတယ်။
အန်းနာ SEKI GA DEMASU.
ချောင်းဆိုးပါတယ်။
寮母 熱も37.8度あります。 ကိုယ်အပူချိန်လည်း ၃၇.၈ ဒီဂရီဆဲလ်စီး ယပ်စ်ရှိတယ်။
အဆောင်မှူး NETSU MO SANJÛNANA TEN HACHI DO ARIMASU.
ကိုယ်အပူချိန်လည်း ၃၇.၈ ဒီဂရီဆဲလ်စီး ယပ်စ်ရှိတယ်။
医者 喉を見せてください。
かぜだと思います。
လည်ချောင်းကိုပြပါ။
အအေးမိတာထင်တယ်။
ဆရာဝန် NODO O MISETE KUDASAI.
KAZE DA TO OMOIMASU.
လည်ချောင်းကိုပြပါ။ အအေးမိတာထင်တယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

ရောဂါလက္ခဏာ

မင်းရဲ့ရောဂါလက္ခဏာကိုပြောပြပါ။
ATAMA GA ITAI DESU ခေါင်းကိုက်တယ်။
HANAMIZU GA DEMASUနှာစေးတယ်။ နှာရည်ယိုတယ်။
ONAKA GA ITAI DESU ဗိုက်နာတယ်။

သင်ပေးပါဆရာမ

ထင်တယ်။
ကိုယ့်ရဲ့အတွေး၊ အမြင်၊ ခန့်မှန်းချက်တွေကို ဖော်ပြတဲ့အခါမှာ ပထမဦးဆုံးကိုယ်ထင်တာကိုပြောလိုက်ပြီးတဲ့နောက်မှာ TO OMOIMAS​(လို့ ထင်တယ်) လို့ပြောရပါတယ်။

အိုနိုမာတိုပဲ

ချောင်းဆိုးခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဆေးရုံက ငွေရှင်းတဲ့ကောင်တာမှာရော၊ ဆေးဆိုင်မှာရော ODAIJINI (ဂရုစိုက်ပါ) လို့ပြောကြတယ်။ အားလုံးက ကျွန်မအတွက်စိတ်ပူနေကြတာကို မြင်ရကြားရတာ ရင်ထဲမှာနွေးသွားပါတယ်။ မကြာခင် နေကောင်းလာ အောင် အစွမ်းကုန်ကြိုးစားပါမယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။