NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ထင်တယ်။ (သင်ခန်းစာ 39)

သင်ပေးပါဆရာမ

ထင်တယ်။ (သင်ခန်းစာ 39)

ကိုယ့်ရဲ့အတွေး၊ အမြင်၊ ခန့်မှန်းချက်တွေကို ဖော်ပြတဲ့အခါမှာ ပထမဦးဆုံးကိုယ်ထင်တာကိုပြောလိုက်ပြီးတဲ့နောက်မှာ TO OMOIMAS​(လို့ ထင်တယ်) လို့ပြောရပါတယ်။
OMOIMASU ဆိုတာက (ထင်တယ်) လို့အဓိပ္ပာယ်ရတဲ့ ကြိယာပါ။ ကိုယ်ထင်တာကိုပြောချင်တဲ့အခါမှာ TO ဆိုတာကို ထည့်ပြောရပါတယ်။ TO OMOIMASU (လို့ထင်တယ်) ဆိုတာရဲ့ရှေ့မှာ အခြေခံပုံစံကြိယာတွေဖြစ်တဲ့ အဘိဓာန်ပုံစံကြိယာ ဒါမှမဟုတ်TA ပုံစံကြိယာကိုသုံးရပါတယ်။ အခြေခံပုံစံကြိယာတွေအကြောင်းကို သင်ခန်းစာ ၂၆ မှာလေ့လာခဲ့ဘူးပါတယ်။
ဥပမာအနေနဲ့ ဝါကျတစ်ခုလုပ်ကြည့်ကြမယ်။ သူမလာမယ်လို့ ထင်တယ်ဆိုတာကို ဂျပန်လို ပြောကြည့်မယ်။ သူမ ဆိုတာက KANOJO။ လာတယ်၊ လာမယ်ရဲ့ အဘိဓာန်ပုံစံကKURU ။ ဒီတော့.(သူမ လာမယ်) ဆိုတာကို KANOJO WA KURU လို့ အဘိဓာန်ပုံစံ ကို သုံးပြီးပြောပါ တယ်။ (လို့.... ထင်တယ်) ဆိုတာကို TO OMOIMASU လို့ပြောပါတယ်။ အားလုံးပေါင်းပြီးပြောလိုက်ရင် KANOJO WA KURU TO OMOIMASU (သူမ လာမယ်လို့ ထင်တယ်) လို့ပြောရပါတယ်။
I - နာမဝိသေသန
က TO OMOIMASU မတိုင်ခင် လာမယ်ဆိုရင် I - နာမဝိသေသေကို ပုံစံ​ပြောင်းစရာမလိုပါဘူး။ သူမက လှတယ်လို့ ထင်တယ်- ဆိုတာကို ဂျပန်လို ပြောကြည့်ရ​အောင်။
လှသောဆိုတာက UTSUKUSHII ပါ။ သူက I - နာမဝိသေသနပါ။ ဒီတော့ အဖြေက KANOJO WA UTSUKUSHII TO OMOIMASUပါ။

TO OMOIMASUရဲ့ရှေ့မှာ နာမ် ဒါမှမဟုတ် နာမဝိသေန ရှိခဲ့ရင် အဲဒါတွေအားလုံးရဲ့နောက်မှာ DA ဆိုတာကို ထည့်ပြောရပါတယ်။ ဒီတော့ အဲဒါအဆင်ပြေတယ် လို့ထင်တယ် ဆိုတာကို ဂျပန်လို ဘယ်လိုပြောမလဲ။
အဲဒါ - ဆိုတာက SORE ။ BENRIအဆင်ပြေသောဆိုတာက NA နာမဝိသေသနပါ။ အဲဒါရဲ့နောက်မှာ DA ဆိုတာကို ထည့်ပြောရပါ မယ်။ ဒီတော့ BENRI DA လို့ဖြစ်သွားပါတယ်။ အဲဒါအဆင်ပြေတယ်-ဆိုတာကို SORE WA BENRI DA လို့ပြောရပါတယ်။ အဲဒါရဲ့နောက်မှာ TO OMOIMASU (လို့ထင်တယ်) ဆိုတာကို ထည့်ပြောလိုက်ရင် SORE WA BENRI DA TO OMOIMASU (အဲဒါ အဆင်ပြေတယ်လို့ထင်တယ်) လို့ဖြစ်သွားပါတယ်။
NHK website ကနေထွက်ပါမယ်။