သင်ခန်းစာ 38
ကောင်းပါပြီ။

အန်းနာ ဒီနေ့မနက် အိပ်ယာကနိုးတဲ့အချိန်မှာ ပင်ပန်းပြီး အဖျားရှိနေခဲ့ပါတယ်။ အန်းနာဟာ ဆေးရုံကို အဆောင်မှူးနဲ့အတူ တက္ကစီနဲ့သွားနေပါတယ်။
အဓိက စကားပြောများ
KASHIKOMARIMASHITA
သင်ခန်းစာ စာမူများ
寮母 | 市民病院までお願いします。 | ကျေးဇူးပြုပြီး မြို့နယ်ဆေးရုံကိုပို့ပေးပါ။
|
---|---|---|
အဆောင်မှူး | SHIMIN BYÔIN MADE ONEGAI SHIMASU.
ကျေးဇူးပြုပြီး မြို့နယ်ဆေးရုံကိုပို့ပေးပါ။
|
|
運転手 | かしこまりました。 | ကောင်းပါပြီခင်ဗျာ။
|
တက္ကစီမောင်းသူ | KASHIKOMARIMASHITA.
ကောင်းပါပြီခင်ဗျာ။
|
|
寮母 | まっすぐ行って、3つ目の信号を左に曲がってください。 | တည့်တည့် သွားပြီး တတိယမြောက်မီးပွိုင့် မှာ ဘယ်ဘက်ကို ကျေးဇူးပြုပြီးကွေ့လိုက် ပါ။
|
အဆောင်မှူး | MASSUGU ITTE, MITTSU ME NO SHINGÔ O HIDARI NI MAGATTE KUDASAI.
တည့်တည့် သွားပြီး တတိယမြောက်မီးပွိုင့် မှာ ဘယ်ဘက်ကို ကျေးဇူးပြုပြီးကွေ့လိုက် ပါ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
လေးလေးစားစားနဲ့ပြောတဲ့ အသုံးအနှုန်း
ကိုယ့်ထက်ကြီးတဲ့သူ၊ ဆရာဆရာမ၊ ဧည့်သည် ၊ ဝယ်ယူသူ၊ ကိုယ့်ကောင်းကောင်းမသိတဲ့သူ ဒါမှမဟုတ် လုံးဝမသိတဲ့သူတွေနဲ့ စကားပြောတဲ့အခါမှာသုံးသလို၊ အဲဒီလူတွေကို ရည်ညွှန်းပြောဆိုတဲ့ အခါမှာ လေးလေးစားစားနဲ့ပြောတဲ့ အသုံးအနှုန်း အနေနဲ့ သုံးပါတယ်။
ကျေးဇူးပြုပြီးသင်ကြားမှု အထောက်အကူပြု သင်ခန်းစာကို သွားပါ။
သင်ပေးပါဆရာမ
လေးလေးစားစားနဲ့ပြောတဲ့ အသုံးအနှုန်း
ကိုယ့်ထက်ကြီးတဲ့သူ ဆရာဆရာမ ဧည့်သည် ဝယ်ယူသူ ကိုယ်ကောင်းကောင်းမသိတဲ့သူ ဒါမှမဟုတ် လုံးဝမသိတဲ့သူတွေနဲ့ စကားပြောတဲ့အခါ ၊ အဲဒီလူတွေကို ရည်ညွှန်းပြောဆိုတဲ့ အခါ လေးလေးစားစားနဲ့ပြောတဲ့အသုံးအနှုန်းအဖြစ် သုံးပြီးပြောရပါတယ်။
အိုနိုမာတိုပဲ
ယိုင်တိယိုင်တိုင် ဖြစ်နေခြင်း၊ မူးဝေခြင်း။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်က တက္ကစီတွေရဲ့တံခါးက အလိုလိုဖွင့်ပိတ်တယ်ဆိုတာ သတိထားလိုက်မိတယ်။ ကားကို မောင်းတဲ့သူက အဖွင့်အပိတ်လုပ်တာပါ။ တံခါးကို ကိုယ့်ဘာသာကို ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင် ကားမောင်းတဲ့သူက တားမြစ်ဟန့်တားလိမ့်မယ်။ ဒါကြောင့်မလုပ်ဖို့ သတိထားရပါမယ်။
