သင်ပေးပါဆရာမ
လုပ်နိုင်တယ်(သို့မဟုတ်)လုပ်နိုင်စွမ်းရှိတာကို ဖော်ပြတဲ့စကားလုံး။ (သင်ခန်းစာ 41)
အဘိဓာန်ပုံစံကြိယာတွေနဲ့ KOTO GA DEKIMASU (လုပ်နိုင်တယ်) ဆိုတာကို တွဲလိုက်မယ်ဆိုရင် လုပ်နိုင်စွမ်းရှိတာကိုဖော်ပြတဲ့ စကားလုံး ဖြစ်သွားပါတယ်။KOTO GA DEKIMASU ဆိုတာကိုသုံးပြီး ဝါကျတစ်ကြောင်း ဖွဲ့ကြည့်ရအောင်။ ကျွန်တော်၊ ကျွန်မ သွားနိုင်တယ် လို့ပြောတဲ့အခါ ကျွန်တော်၊ ကျွန်မဆိုတာက WATASHI သွားတယ်ဆိုတာက IKIMASU သူ့ရဲ့ အဘိဓာန်ပုံစံက IKU။ အဲဒါကို KOTO GA DEKIMASU ဆိုတာ ပေါင်းထည့်လိုက်ပြီးတော့ WATASHI WA IKU KOTO GA DEKIMASU(ကျွန်တော်၊ ကျွန်မသွားနိုင်တယ်) လို့ပြောနိုင်ပါတယ်။


ကြိယာတွေရဲ့ ပုံစံတွေကို လေ့လာခဲ့တာ မှတ်မိတယ် နော်။
IKIMASU(သွားတယ်၊ သွားမယ်)က IKEMASU (သွားနိုင်တယ်၊ သွားနိုင်မယ်) လို့ဖြစ်သွားပါတယ်။ IKU KOTO GA DEKIMASU နဲ့
အဓိပ္ပာယ်အခြေခံအားဖြင့် အတူတူပါပဲ။ ပိုပြီးပေါ့ပေါ့ပါးပါးပြောချင်ရင် IKEMASU ကို သုံးနိုင်ပါတယ်။