သင်ခန်းစာ 37
ကျွန်မ ဖူဂျီတောင်ကြည့်တာတို့ ဆူရှီစားတာတို့လုပ်ခဲ့ပါတယ်။
အန်းနာဟာ ရှီဇူအိုကာ ကနေ တိုကျိုက သူ့အဆောင်ကို ပြန်ရောက်လာခဲ့ပါပြီ။ အန်းနာက သူသွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အဆောင်မှူးကို ပြောပြ နေပါတယ်။
အဓိက စကားပြောများ
FUJISAN O MITARI, OSUSHI O TABETARI SHIMASHITA
သင်ခန်းစာ စာမူများ
寮母 | 旅行はどうだった? | ခရီးကဘယ်လိုနေလဲ။
|
---|---|---|
အဆောင်မှူး | RYOKÔ WA DÔ DATTA?
ခရီးကဘယ်လိုနေလဲ။
|
|
アンナ | 富士山を見たり、おすしを食べたりしました。楽しかったです。 | ဖူဂျီတောင်ကို ကြည့်တာတို့၊ ဆူရှီစားတာတို့ လုပ်ခဲ့တယ်။
ပျော်ခဲ့ပါတယ်။
|
အန်းနာ | FUJISAN O MITARI, OSUSHI O TABETARI SHIMASHITA. TANOSHIKATTA DESU. ဖူဂျီတောင်ကို ကြည့်တာတို့၊ ဆူရှီစားတာတို့ လုပ်ခဲ့တယ်။
ပျော်ခဲ့ပါတယ်။
|
|
寮母 | それはよかったわね。 | အဲဒါဆို ကောင်းတာပေါ့နော်။
|
အဆောင်မှူး | SORE WA YOKATTA WA NE.
အဲဒါဆို ကောင်းတာပေါ့နော်။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
WA DÔ DATTA?
DÔ ဆိုတာက ဘယ်လိုလဲ ဖြစ်ပါတယ်။ DATTA ဆိုတာက DESHITTA ရဲ့ ပေါ့ပေါ့ပါးပါး ပုံစံ ဖြစ်ပြီးတော့ အတိတ်ကာလကို ဖော်ပြပါတယ်။ ဥပမာ SHIKEN WA DÔ DATTA? စာမေးပွဲကဘယ်လိုလဲ။
သင်ပေးပါဆရာမ
TARI ကိုသုံးပြီးတော့ သာဓက၊ နမူနာတွေကို တိုက်ရိုက်ကိုးကားတဲ့နည်းလမ်း။
လှုပ်ရှားမှုတွေထဲက အကြောင်းအရာ ၂ ခု ၃ ခုကို ဥပမာအနေနဲ့ ထောက်ပြပြောမယ်ဆိုရင် TA ပုံစံကြိယာတွေရဲ့နောက်မှာ RI ဆိုတာကိုထည့်ပြောရပါတယ်။ ဝါကျရဲ့အဆုံးမှာတော့ SHIMASU (လုပ်တယ်၊လုပ်မယ်)ဆိုတာဘဲဖြစ်ဖြစ် SHIMASHITA (လုပ်ခဲ့တယ်) ဒါမှမဟုတ် SHITAI DESU (လုပ်ချင်တယ်) ဆိုတာကိုသုံးပါတယ်။
အိုနိုမာတိုပဲ
ပင်ပန်းခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
အဆောင်မှူးအတွက် ရှီဇူအိုကာအမှတ်တရအနေနဲ့ လက်ဖက်စိမ်း နဲ့လုပ်ထားတဲ့ကွတ်ကီး ဝယ်ခဲ့တယ်။ ဒါရွေးရတာ သိပ်ခက်တာ။ လက်ဖက်စိမ်းသကြားလုံး၊ လက်ဖက်ရည်ထုပ် ချောကလက် အိုး.. အများကြီးဘဲ။ ဂျပန်လူမျိုးတွေက အမှတ်တရပစ္စည်းတွေ တီထွင်ဖန်တီးရတာ သဘောကျ ကြတယ်။
