သင်ပေးပါဆရာမ
အငြင်းဝါကျဖွဲ့ပုံ (သင်ခန်းစာ 4)
“ကျွန်မဟာဂျပန်လူမျိုးဖြစ်ပါတယ်” ဆိုတဲ့ ဥပမာဝါကျနဲ့ ရှင်းပြပါမယ်။“ကျွန်မ”ဆိုတာကို WATASHI လို့ ပြောပြီး “ဂျပန်လူမျိုး” ဆိုတာကို NIHON-JIN လို့ ပြောပါတယ်။
“ကျွန်မဟာ ဂျပန်လူမျိုးဖြစ်ပါတယ်” ဆိုတာကို WATASHI WA NIHON-JIN DESU လို့ ပြောပါတယ်။ အငြင်းဝါကျ ဖွဲ့မယ်ဆိုရင် ဝါကျရဲ့အဆုံးမှာရှိတဲ့ DESU ဆိုတာကို DEWA ARIMASEN လို့ ပြောင်းပြော ရပါတယ်။ “ကျွန်မဟာ ဂျပန်လူမျိုး မဟုတ်ပါဘူး” လို့ပြောချင်ရင် WATASHI WA NIHON-JIN DEWA ARIMASEN လို့ပြောရပါတယ်။
