သင်ခန်းစာ 4
ပြန်ရောက်ပါပြီ။

အန်းနာဟာ သူ့ရဲ့အဆောင်ကို ဆာ့ခူရာကိုခေါ်ပြီး ရောက်လာခဲ့ပါတယ်။ အဆောင်မှူး အမျိုးသမီးက ထွက်လာပြီး သူတို့ကို နှုတ်ဆက်ပါတယ်။
အဓိက စကားပြောများ
TADAIMA
သင်ခန်းစာ စာမူများ
アンナ | ただいま。 | ပြန်ရောက်ပါပြီ။
|
---|---|---|
အန်းနာ | TADAIMA.
ပြန်ရောက်ပါပြီ။
|
|
寮母 | お帰りなさい。 | ပြန်လာပြီကိုး။
|
အဆောင်မှူး | OKAERINASAI.
ပြန်လာပြီကိုး။
|
|
さくら | こんにちは。 | မင်္ဂလာနေ့လယ်ခင်းပါ။
|
ဆာ့ခူရာ | KONNICHIWA.
မင်္ဂလာနေ့လယ်ခင်းပါ။
|
|
寮母 | あなたも留学生ですか。 | မင်းလည်းနိုင်ငံခြားသားကျောင်း သူပဲလား။
|
အဆောင်မှူး | ANATA MO RYÛGAKUSEI DESU KA.
မင်းလည်းနိုင်ငံခြားသားကျောင်း သူပဲလား။
|
|
さくら | いいえ、私は留学生ではありません。 日本人の学生です。 |
ဟင့်အင်း။ ကျွန်မဟာနိုင်ငံခြားသားကျောင်း သူမဟုတ်ပါဘူး။
|
ဆာ့ခူရာ | IIE, WATASHI WA RYÛGAKUSEI DEWA ARIMASEN. NIHON-JIN NO GAKUSEI DESU. ဟင့်အင်း။ ကျွန်မဟာနိုင်ငံခြားသားကျောင်း သူမဟုတ်ပါဘူး။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
DEWA ARIMASEN
DESU ဆိုတာက ယဉ်ကျေးအောင်ဝါကျအဆုံးမှာ ထည့်သုံးတဲ့စကားလုံးပါ။
ဥပမာ - HAI, WATASHI WA NIHON-JIN DESU.
(ဟုတ်ကဲ့၊ ကျွန်မဟာဂျပန်လူမျိုးပါ။)
DEWA ARIMASEN ဆိုတာက DESU ရဲ့ အငြင်းပုံစံပါ။
ဥပမာ - IIE, WATASHI WA NIHON-JIN DEWA ARIMASEN.(ဟင့်အင်း။ ကျွန်မဟာ ဂျပန်လူမျိုး မဟုတ်ပါဘူး။)
အသေးစိတ်ကိုတော့ “သင်ပေးပါဆရာမ” ကဏ္ဍမှာ လေ့လာနိုင်ပါတယ်။
သင်ပေးပါဆရာမ
အငြင်းဝါကျဖွဲ့ပုံ
“ကျွန်မဟာဂျပန်လူမျိုးဖြစ်ပါတယ်” ဆိုတဲ့ ဥပမာဝါကျနဲ့ ရှင်းပြပါမယ်။
အိုနိုမာတိုပဲ
တံခါး
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဆာ့ခူရာက အဆောင်ရဲ့ ဝင်ပေါက်မှာ ဖိနပ်ကို ချွတ်လိုက်ပြီး၊ ပြန်ထွက်ရင် အဆင်သင့်စီးလို့ရတဲ့ အနေအထားနဲ့ ဖိနပ်ဦးကို အပြင်ဖက်လှည့်ပြီးမှ ပြန်စီထားခဲ့ ပါတယ်။ ကျွန်မလည်း နောက်တစ်ခါ သူများအိမ်ကို သွားလည်ရင် အဲဒီလို လုပ်မယ်။
