သင်ခန်းစာ 25
စားပွဲအောက်ကိုဝင်ကြပါ။

အန်းနာဟာ ပါမောက္ခ ဇူဆူကီး ရဲ့ဂျပန်စာအတန်းမှာ စာသင်နေတုန်း ကျောင်းရဲ့ အဆောက်အဦးတွေ လှုပ်ခါသွားပါတယ်။
အဓိက စကားပြောများ
TSUKUE NO SHITA NI HAIRE
သင်ခန်းစာ စာမူများ
先生 | 地震だ。みんな、落ち着いて。 机の下に入れ。 |
ငလျင်လှုပ်တယ်။ အားလုံး စိတ်အေးအေးထားပါ။ စားပွဲအော က်ကိုဝင်ကြ။ |
---|---|---|
ဆရာ | JISHIN DA. MINNA, OCHITSUITE. TSUKUE NO SHITA NI HAIRE. ငလျင်လှုပ်တယ်။ အားလုံး စိတ်အေးအေးထားပါ။
စားပွဲအော က်ကိုဝင်ကြ။
|
|
先生 | 揺れは収まったようだ。 | ငလျင်လှုပ်တာ အရှိန်လျော့ သွားပုံဘဲ။
|
ဆရာ | YURE WA OSAMATTA YÔ DA.
ငလျင်လှုပ်တာ အရှိန်လျော့ သွားပုံဘဲ။
|
|
アンナ | びっくりした。日本は本当に地震が多いですね。 | လန့်သွားတာဘဲ။
ဂျပန်ကတကယ့်ကို ငလျင် များတယ်နော်။
|
အန်းနာ | BIKKURI SHITA. NIHON WA HONTÔ NI JISHIN GA ÔI DESU NE.
လန့်သွားတာဘဲ။
ဂျပန်ကတကယ့်ကို ငလျင် များတယ်နော်။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
YÔ DA / YÔ DESU
YÔDA ဆိုတာ ပြောတဲ့သူက အခြေအနေကို အကဲခတ်ပြီး ဆုံးဖြတ်ချက်ချတာမျိုးမှာ သုံးပါတယ်။ YÔDA ဟာ YÔ DESU ရဲ့ ပေါ့ပေါ့ပါးပါးသုံးတဲ့ အသုံးအနှုန်းပါ။ YÔDA ရဲ့ရှေ့က ကြိယာတွေကို MASU ပုံစံနဲ့သုံးလို့မရပါဘူး။
ဥပမာ- YURE WA OSAMATTA YÔ DA ငလျင်လှုပ်တာ အရှိန်လျော့သွားပုံပဲ။
*OSAMATTA = OSAMARIMASU လျော့သွားတယ်၊ ငြိမ်သွားတယ် ရဲ့ TA ပုံစံပါ ။
WA နဲ့ GA ရဲ့ အသုံးကွာခြားပုံ
WA= အဓိကအကြောင်းအရာကို ဖော်ပြတဲ့ ဝိဘတ် GA= ကတ္တားပြတဲ့ဝိဘတ် ။
အဓိကအကြောင်းအရာ ဆိုတာ ဝါကျတစ်ခုမှာ ရည်ညွှန်းချင်တဲ့ အဓိကအကြောင်းအရာကို ဆိုလိုပြီး WA ဆိုတဲ့ ဝိဘတ်နဲ့ ဖော်ပြပါတယ်။ ကတ္တား ကတော့ အဓိကအကြောင်းအရာ၊ အဓိကလုပ်ဆောင်ချက် ဆက်စပ်နေပြီး
GA ဆိုတဲ့ ဝိဘတ်နဲ့ ရော WA ဆိုတဲ့ ဝိဘတ် နဲ့ပါ သုံးလေ့ရှိပါတယ်။ ဥပမာ-
ZÔ WA HANA GA NAGAI
ဆင်တွေက နှာခေါင်းရှည်တယ်။
သင်ပေးပါဆရာမ
အမိန့်ပေးတဲ့ကြိယာပုံစံများ
MASUပုံစံကြိယာတွေကို အမိန့်ပေးတဲ့ ကြိယာပုံစံတွေ ဖြစ်အောင် ဘယ်လိုပြောင်းသလဲ ဆိုတာကို ပြောပါမယ်။ ပထမဆုံး MASU မတိုင်ခင် သရသံ E နဲ့ဆုံးတဲ့ ကြိယာတွေမှာ MASU ကို RO လို့ပြောင်းလိုက်ရပါမယ်။ဥပမာ-
အိုနိုမာတိုပဲ
လှုပ်ရမ်းမှု
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ငလျင်လှုပ်တဲ့အခါ ပထမဦးဆုံးလုပ်ရမှာက ရေဒီယို ဒါမှမဟုတ် ရုပ်မြင်သံကြားက ထုတ်ပြန်တဲ့ သတင်းတွေကိုနားထောင်ဖို့ အရေးကြီးပါတယ်။
