သင်ခန်းစာ 9
ဘယ်နှစ်နာရီကနေလဲ

ဒီနေ့ ပါမောက္ခဆူဇူကီးက အတန်းထဲမှာ ကြေညာစရာတစ်ခုရှိတယ်ဆိုပဲ။
အဓိက စကားပြောများ
NANJI KARA DESU KA
သင်ခန်းစာ စာမူများ
先生 | 明日、健康診断があります。 | မနက်ဖြန် ကျန်းမာရေးစစ်ဆေးမှု ရှိတယ်။
|
---|---|---|
ဆရာ | ASHITA, KENKÔSHINDAN GA ARIMASU.
မနက်ဖြန် ကျန်းမာရေးစစ်ဆေးမှု ရှိတယ်။
|
|
アンナ | 何時からですか。 | ဘယ်နှစ်နာရီကနေလဲ။
|
အန်းနာ | NANJI KARA DESU KA.
ဘယ်နှစ်နာရီကနေလဲ။
|
|
先生 | 午前9時から11時までです。 ここに8時半に集まって下さい。 |
မနက် ၉ နာရီကနေ ၁၁ နာရီအထိပါ။ ဒီနေရာမှာ ၈ နာရီခွဲမှာ လူစုပါ။ |
ဆရာ | GOZEN KUJI KARA JÛICHIJI MADE DESU. KOKO NI HACHIJI HAN NI ATSUMATTE KUDASAI.
မနက် ၉ နာရီကနေ ၁၁ နာရီအထိပါ။
ဒီနေရာမှာ ၈ နာရီခွဲမှာ လူစုပါ။ |
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
NANJI
NAN ဆိုတာက (ဘာ) နဲ့ JI ဆိုတာက (နာရီ) ပါ။ JI ဆိုတာက အချိန်နာရီကို ရေတွက်တာကို ညွှန်ပြပါတယ်။ ဥပမာ NANJI DESU KA (ဘယ်နှစ်နာရီလဲ)တဲ့။
သင်ပေးပါဆရာမ
TE ပုံစံကြိယာ အမျိုးမျိုး
ပြီးခဲ့တဲ့ သင်ခန်းစာမှာတုန်းက MASU ကြိယာပုံစံ တွေကို TE ပုံစံအခြေခံပြောင်းနည်း ကိုလေ့လာခဲ့တယ်။ လွယ်လွယ်ကူကူနဲ့ MASUကို TE ပြောင်းလိုက်ရုံပဲ ဖြစ်ပေမယ့် ဒီနေ့မှာတော့ တခြားပုံစံ ပြောင်းနည်းတွေကို လေ့လာပါမယ်။ ဒီပုံစံကတော့ MASU ကို TE ပြောင်းရုံနဲ့ မရပါဘူး။ သူ့ရဲ့အရှေ့မှာပါတဲ့ အက္ခရာတစ်လုံး ကိုပါ ပြောင်းရပါမယ်။
အိုနိုမာတိုပဲ
ပွတ်ကာသီကာလေး
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်မှာ ကံမကောင်းဘူးလို့ ယူဆတဲ့ နံပါတ်တွေ ရှိတယ်လို့ သိလိုက်ရတယ်။ အဲဒါက SHI ဆိုတဲ့ နံပါတ် ၄ ။ အဲဒီနံပါတ်က သေခြင်းတရားဆိုတဲ့စကားလုံးနဲ့ အသံထွက်တူလို့တဲ့။ နောက်ပြီးတော့ KU ဆိုတဲ့ နံပါတ် ၉။ ဒါကလည်း ဒုက္ခဆိုတဲ့စကားလုံးနဲ့ အသံထွက်တူလို့ တဲ့။ ဒါကြောင့် တစ်ချို့ ဟိုတယ်တွေ ဆေးရုံတွေမှာ အခန်းနံပါတ် ၄ နဲ့ ၉ ဆိုတာ မထားဘူးတဲ့။
