သင်ပေးပါဆရာမ
TE ပုံစံကြိယာ အမျိုးမျိုး (သင်ခန်းစာ 9)
ပြီးခဲ့တဲ့ သင်ခန်းစာမှာတုန်းက MASU ကြိယာပုံစံ တွေကို TE ပုံစံအခြေခံပြောင်းနည်း ကိုလေ့လာခဲ့တယ်။ လွယ်လွယ်ကူကူနဲ့ MASUကို TE ပြောင်းလိုက်ရုံပဲ ဖြစ်ပေမယ့် ဒီနေ့မှာတော့ တခြားပုံစံ ပြောင်းနည်းတွေကို လေ့လာပါမယ်။ ဒီပုံစံကတော့ MASU ကို TE ပြောင်းရုံနဲ့ မရပါဘူး။ သူ့ရဲ့အရှေ့မှာပါတဲ့ အက္ခရာတစ်လုံး ကိုပါ ပြောင်းရပါမယ်။
MASU ဆိုတဲ့ စကားလုံး မတိုင်ခင် KI ဆိုတာ လာခဲ့ ရင်တော့ အဲဒါကို ITE လို့ ပြောင်းပေး ရပါတယ်။ ဒီတော့ KIKIMASU (နားထောင်တယ်၊ နားထောင်မယ်) ဆိုတာက KIITE ဖြစ်သွားပါတယ်။ MASU ရဲ့ရှေ့မှာ GI ပါရင် အဲဒါကို IDE လို့ပြောင်းရပါတယ်။ ISOGIMASU (အရင်လိုတယ်၊ အရင်လိုမယ်၊ လောတယ်၊ လောမယ်) ဆိုတာက ISOIDE လို့ဖြစ်သွားပါတယ်။ IKIMASU(သွားတယ်၊ သွားမယ်) ဆိုတာကတော့ ခုပြောနေတဲ့ စည်းကမ်းတွေနဲ့ မကိုက်ပါဘူး။ ချွင်းချက်အနေနဲ့ ITTE ဖြစ်သွားပါတယ်။ သီချင်းလေးကို နားထောင်ပြီး အဲဒီချွင်းချက် စကားလုံးတွေကို မှတ်သားပါ။ ဒီသီချင်းလေးက MASU ရှေ့မှာ ပါတဲ့ စကားလုံးတွေနဲ့ လိုက်ပြောင်းတဲ့ MASU ပုံစံကို TE ပုံစံဖြစ်အောင် ဘယ်လိုပြောင်းရမယ် ဆိုတာကို သီဆိုထားတာပါ။
လေ့လာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ စာမျက်နှာကို ကြည့်ပါ။