NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 43

သင်ခန်းစာ 43

ဘာကြောင့်ဖြစ်မလဲ။

အန်းနာက သူ့တက္ကသိုလ်ကသွားတဲ့ လေ့လာရေးခရီးစဉ်တစ်ခု လိုက်ပါသွားနေပါတယ်။ ဒီနေ့မှာတော့ Hyôgo ခရိုင်က Himeji ရဲတိုက်ကြီးဆီကို ရောက်နေပါတယ်။

သင်ခန်းစာ 43 ၁ဝ မိနစ်

အဓိက စကားပြောများ

DÔSHITE DESHÔ KA

သင်ခန်းစာ စာမူများ

先生 姫路城は奇跡の城と言われています。
どうしてでしょうか。
ဟီမဲဂျိ ရဲတိုက်က အံ့ဖွယ်ရဲတိုက်လို့ ပြောကြတယ်။
ဘာကြောင့်ဖြစ်မလဲ။
ဆရာ HIMEJI-JÔ WA KISEKI NO SHIRO TO IWARETE IMASU.
DÔSHITE DESHÔ KA.
ဟီမဲဂျိ ရဲတိုက်က အံ့ဖွယ်ရဲတိုက်လို့ ပြောကြတယ်။ ဘာကြောင့်ဖြစ်မလဲ။
ロドリゴ 戦争でも焼けなかったからです。 စစ်အတွင်း တုန်းကတောင်မီး မလောင်ခဲ့လို့ပါ။
ရိုဒိုရီဂို SENSÔ DEMO YAKENAKATTA KARA DESU.
စစ်အတွင်း တုန်းကတောင်မီး မလောင်ခဲ့လို့ပါ။
アンナ さすが、ロドリゴ! တယ်တော်ပါလား။ ရိုဒိုရီဂို ပီသပါပေတယ်။
အန်းနာ SASUGA, RODORIGO!
တယ်တော်ပါလား။ ရိုဒိုရီဂို ပီသပါပေတယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

DÔSHITE DESHÔ KA

(ဘာကြောင့်ဖြစ်မလဲ။)

DÔSHITE ဆိုတာက (ဘာကြောင့်) ဆိုတဲ့အဓိပ္ပာယ်ပါ။ DÔSHITE ရဲ့ ယဉ်ကျေးတဲ့ပုံစံက NAZE ဖြစ်ပါတယ်။
ဥပမာ- NAZE DESHÔ KA.

သင်ပေးပါဆရာမ

DESHÔရဲ့ အသုံးအနှုန်း
မသေချာတဲ့ အခြေအနေ ဒါမှမဟုတ်အနာဂတ်အတွက် ကြိုတင်ခန့် မှန်းတာနဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ ဝါကျရဲ့အဆုံးမှာ DESHÔ ကိုသုံးပါတယ်။ နာမ်ရော နာမဝိသေသနရော ၂ မျိုးစလုံးကို သုံးပြီးပြောမယ်ဆိုရင် ဝါကျရဲ့အဆုံးမှာပါတဲ့ DESUနေရာမှာ DESHÔ ကိုအစား ထိုးရပါမယ်။

အိုနိုမာတိုပဲ

အဖြေမှန်/အဖြေမှား အချက်ပေးတဲ့အသံ။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

Himeji ရဲတိုက်ကို White Heron Castle အဖြူရောင်ရဲတိုက်လို့လည်းသိကြပါတယ်။ white heron ဆိုတာက အဖြူရောင် ငဟစ်ငှက်တစ်မျိုးပါ။ အဆိုအမျိုးမျိုးရှိကြပေမယ့် ရဲတိုက်ဟာ အဖြူရောင် ငဟစ်ငှက်နဲ့ တူတာကြောင့်လို့ ဆိုပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။