သင်ပေးပါဆရာမ
DESHÔရဲ့ အသုံးအနှုန်း (သင်ခန်းစာ 43)
မသေချာတဲ့ အခြေအနေ ဒါမှမဟုတ်အနာဂတ်အတွက် ကြိုတင်ခန့် မှန်းတာနဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ ဝါကျရဲ့အဆုံးမှာ DESHÔ ကိုသုံးပါတယ်။ နာမ်ရော နာမဝိသေသနရော ၂ မျိုးစလုံးကို သုံးပြီးပြောမယ်ဆိုရင် ဝါကျရဲ့အဆုံးမှာပါတဲ့ DESUနေရာမှာ DESHÔ ကိုအစား ထိုးရပါမယ်။မနက်ဖြန်မိုးရွာကောင်းရွာနိုင်တယ်ဆိုတဲ့ ဝါကျကိုပြောကြည့်ရအောင်။

ကြိယာတွေကိုပေါင်းစပ်ပြီးသုံးတဲ့အခါမှာ အဲဒီကြိယာတွေကို အဘိဓာန်ပုံစံ ဒါမှမဟုတ် NAI ပုံစံကြိယာတွေလို အခြေခံပုံစံကြိယာတွေ ဖြစ်အောင် ပြောင်းလိုက်ပြီး DESHÔ ဆိုတဲ့စကားလုံးနဲ့တွဲပြောရပါတယ်။ ကဲအခု သူသွားကောင်း သွားနိုင်တယ်ဆိုတာကို ကြိုးစားပြီးပြောကြည့်ရအောင်။ ပထမဦးဆုံး အနေနဲ့ သူသွားမယ်ဆိုတာကို စဉ်းစားရပါမယ်။ သူ ဆိုတာက KARE ။ သွားတယ်၊ သွားမယ်ဆိုတာက IKIMASU။ ဒီတော့ KARE WA IKIMASU လို့ပြောရပါတယ်။ IKIMASU ရဲ့ အဘိဓာန်ပုံစံက IKU ဖြစ်ပါတယ်။ ဒီတော့ သူသွားကောင်း သွားနိုင်တယ်ဆိုတာကို KARE WA IKU DESHÔ လို့ပြောရပါတယ်။
သင်ခန်းစာ ၂၅ မှာတုန်းက YÔDA ရဲ့ပေါ့ပေါ့ပါးပါးပုံစံ ဖြစ်တဲ့
YÔDESU ကိုလေ့လာခဲ့ပါတယ်။ အဲဒါက ခု လေ့လာတဲ့ DESHÔ နဲ့ တူပါတယ်။ ဒါပေမယ့် ကွာခြားချက်လည်း ရှိပါတယ်။ ဘာကွာလဲ။ ဥပမာတွေနဲ့ ယှဉ်ပြီးတော့ လေ့လာကြည့်ရအောင်။
KARE WA IKU YÔDESU ဆိုတာက (သူသွားမယ့်ပုံရတယ်)
KARE WA IKU DESHÔ ဆိုတာက (သူသွားကောင်းသွားလိမ့်မယ်)
