NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > မေးလေ့ရှိတဲ့မေးခွန်းများ

မေးလေ့ရှိတဲ့မေးခွန်းများ

Q.1 "လွယ်ကူလေ့လာ ဂျပန်စာ" သင်ခန်းစာ စာအုပ်ကို ဘယ်လို ဒေါင်းလုဒ် လုပ်ရမလဲ?

A.1

ဒေါင်းလုဒ်စာမျက်နှာကို ကလစ်လုပ်ပါ။ စာမျက်နှာပေါ်မှာ ရေးထားတဲ့ ညွှန်ကြားချက်တွေ အတိုင်း သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်ပါ။ သင်ခန်းစာ တစ်ခုချင်းစီ လေ့လာတဲ့ စာမျက်နှာကနေလည်း သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။

ပိတ်ရန် ×

Q.2 အင်တာနက်စာမျက်နှာမှာ ဘယ်လိုမျိုး သင်ခန်းစာနဲ့ သင်ထောက်ကူပစ္စည်းတွေရနိုင်ပါသလဲ။

A.2

သင်ခန်းစာ ၄၈ ခုကို ဇာတ်လမ်းလိုမျိုးအခင်းအကျင်းနဲ့ ကဏ္ဍပေါင်းစုံစကားပြောတွေကိုလေ့လာနိုင်အောင် ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ဂျပန့်အက္ခရာတွေဝေါဟာရပဟေဠိ၊ အပြင် ဝါရင့်ဂျပန်စာဆရာတွေရဲ့ သဒ္ဒါနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေအိုနိုမာတိုပဲစကားလုံးတွေ ကိုလည်း လေ့လာနိုင်ပါတယ်။

ပိတ်ရန် ×

Q.3 အင်တာနက်လိုင်း သိပ်မကောင်းလို့ လွယ်ကူလေ့လာ ဂျပန်စာ သင်ခန်းစာ အင်တာနက်စာမျက်နှာကို ဝင်ကြည့်မရ ဖြစ်နေရင်။

A.3

လွယ်ကူလေ့လာ ဂျပန်စာသင်ခန်းစာကို NHK World Radio Japan ကနေ ရေဒီယို အစီအစဉ် အနေနဲ့ ထုတ်လွှင့်နေပါတယ်။ လွှင့်တဲ့အချိန်နဲ့ လှိုင်းအမှတ်တွေကိုအသေးစိတ်သိချင်ရင် ဒီနေရာကို click လုပ်ပါ။

ပိတ်ရန် ×

Q.4 ဂျပန်စာနဲ့ပတ်သက်ပြီး နားမလည်လို့ သိချင်တဲ့မေးခွန်းတွေကို အီးမေးလ်နဲ့ ပို့ပြီးမေးတဲ့အခါ ပြန်ဖြေပေးမှာလား သိချင်ရင်။

A.4

လွယ်ကူလေ့လာ ဂျပန်စာသင်ခန်းစာအနေနဲ့ တစ်ဦးချင်းစီကို အီးမေးလ် ဒါမှမဟုတ် စာပို့တဲ့ ဝန်ဆောင်မှု မရှိပါဘူး။ သောတရှင်တွေရဲ့မေးခွန်းတွေကို NHK World Radio Japan ရဲ့အစီအစဉ်ကနေ ဒါမှမဟုတ် အင်တာနက်စာမျက်နှာကနေ ဖြေသွားမှာပါ။ သိချင်တာတွေရှိရင် ဒီအီးမေးလ်ပုံစံကိုသုံးပါ။

ပိတ်ရန် ×

Q.5 သင်ယူခဲ့တဲ့ ဂျပန်စာ သင်ခန်းစာ တွေနဲ့ပတ်သက်တဲ့ ပြန်လှန်လေ့ကျင့်ခန်းများနဲ့ အရည်အချင်းစစ်နိုင်တဲ့ ရေဒီယိုအစီအစဉ် နဲ့ အင်တာနက်စာမျက်နှာများ ရှိပါသလား။

A.5

ရေဒီယိုအစီအစဉ် နဲ့ အင်တာနက်စာမျက်နှာများမှာတော့ -ပြန်လှန်လေ့လာရန် - ရွေးချယ်ပါ- ဆိုတဲ့အစီအစဉ် ကို တင်ဆက်ပေးပါမယ်။ ဒီအစီအစဉ်ကနေ ပဟေဠိ ပုံစံနဲ့ ပြန်လှန်လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ အင်တာနက်စာမျက်နှာပေါ်မှာလည်း -ဝေါဟာရ ဇယားနဲ့ ပဟေဠိ- ကို တင်ပေးထားပြီး သင်ခန်းစာထဲမှာ ဖေါ်ပြခဲ့တဲ့ စကားလုံးတွေကို အရည်အချင်း ပြန်စစ်နိုင်ပါတယ်။

ပိတ်ရန် ×

Q.6 လွယ်ကူလေ့လာဂျပန်စာ ရဲ့ application ရှိပါသလား။

A.6

လွယ်ကူလေ့လာဂျပန်စာ ရဲ့ application မရှိ ပါဘူး။ ဒါပေမယ့် NHK WORLD ရေဒီယိုဂျပန်အနေနဲ့ မကြာမှီက ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် တွေကို နားဆင်နိုင်အောင် application တင်ထားပါတယ်။

ပိတ်ရန် ×

Q.7 ဂျပန်လူမျိုး တစ်ယောက်ယောက်နဲ့ စာချင်းဆက်သွယ်ပြီး သူငယ်ချင်းဖြစ်ချင်ပါတယ်။ အသံလွှင့်ဌာနကနေ မိတ်ဆက်ပေးနိုင်မလား။

A.7

NHK WORLD ရဲ့ဝန်ဆောင်မှုထဲမှာ မိတ်ဆက်ပေးတာမျိုးမရှိပါဘူး။

ပိတ်ရန် ×

Q.8 သင်ခန်းစာ အစီအစဉ်တွေ သင်ယူပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပါသလား။

A.8

သင်ခန်းစာ အစီအစဉ်တွေ သင်ယူပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်မထုတ်ပေးပါဘူး။

ပိတ်ရန် ×

NHK website ကနေထွက်ပါမယ်။