NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 16

သင်ခန်းစာ 16

လှေခါးကိုတက်ပြီးရင် ကျေးဇူးပြုပြီး ညာဘက်ကိုသွားပါ

အန်းနာက ဒီနေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ရှင်ဂျုကုက စာအုပ်ဆိုင်တစ်ဆိုင်ကို သွားခဲ့ပါတယ်။ အန်းနာကအရောင်းဝန်ထမ်းကို မန်းဂါ့ကာတွန်း ရောင်းတဲ့နေရာက ဘယ်မှာလဲလို့ မေးလိုက်ပါတယ်။

သင်ခန်းစာ 16 ၁ဝ မိနစ်

အဓိက စကားပြောများ

KAIDAN O AGATTE, MIGI NI ITTE KUDASAI

သင်ခန်းစာ စာမူများ

店員 いらっしゃいませ。 ကြိုဆိုပါတယ်။
အရောင်း ဝန်ထမ်း IRASSHAIMASE.
ကြိုဆိုပါတယ်။
アンナ あのう、マンガ売り場はどこですか。 ဒီမှာရှင့် ... မန်းဂါ့ကာတွန်း ရောင်းတဲ့နေရာက ဘယ်မှာလဲဟင်။
အန်းနာ ANÔ, MANGA URIBA WA DOKO DESU KA.
ဒီမှာရှင့် ... မန်းဂါ့ကာတွန်း ရောင်းတဲ့နေရာက ဘယ်မှာလဲဟင်။
店員 2階です。階段を上がって、右に行ってください。 ဒုတိယထပ်ပါ။ လှေခါးကိုတက်ပြီးရင် ကျေးဇူးပြုပြီး ညာဘက်ကိုသွားပါ။
အရောင်း ဝန်ထမ်း NIKAI DESU. KAIDAN O AGATTE, MIGI NI ITTE KUDASAI.
ဒုတိယထပ်ပါ။ လှေခါးကိုတက်ပြီးရင် ကျေးဇူးပြုပြီး ညာဘက်ကိုသွားပါ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

TE ပုံစံကြိယာ ကို သုံးပြီး စာကြောင်းကို ဆက်နိုင်တယ်။

TE ပုံစံကြိယာကို သုံးပြီးတော့ ဆက်တိုက် ဖြစ်နေတဲ့ လှုပ်ရှားမှုကို ဖော်ပြထားတာပါ။
KAIDAN O AGARIMASU လှေကားကိုတက်မယ်။
+ MIGI NI ITTE KUDASAI. +ကျေးဇူးပြုပြီး ညာဖက်ကိုသွားပါ
= KAIDAN O AGATTE, MIGI NI ITTE KUDASAI = ကျေးဇူးပြုပြီးလှေကားကိုတက်ပါ ပြီးရင် ညာဖက်ကိုသွားပါ

သင်ပေးပါဆရာမ

ဝိဘတ်NIကိုဘယ်လိုသုံးတာလဲ
ဝါကျတစ်ကြောင်းမှာ ဝါစကအပိုင်းမှာပါတဲ့ ကြိယာ ဟာ တည်ရှိခြင်းကိုဖေါ်ပြတဲ့ IMASU (ရှိတယ်။) ဆိုတာကို NI နဲ့တွဲလိုက်ရင် တစ်နေရာရာမှာ တစ်ခုခုရှိ တာကိုဖော်ပြတာပါ။

အိုနိုမာတိုပဲ

TONTON
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဂျပန်အရောင်းစာရေးဝန်ထမ်းတွေက သိပ်ကို ဖော်ရွေ အလိုက်သိတာပဲ။ သူတို့တွေက ယဉ်ယဉ်ကျေးကျေးပြောပါတယ်။ ဘာတစ်ခုမှ မဝယ်ဘဲထွက်သွားရင်တောင် ကျေးဇူးအများကြီး တင်ပါတယ် လို့ ပြောကြတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။