NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ဝိဘတ်NIကိုဘယ်လိုသုံးတာလဲ (သင်ခန်းစာ 16)

သင်ပေးပါဆရာမ

ဝိဘတ်NIကိုဘယ်လိုသုံးတာလဲ (သင်ခန်းစာ 16)

ဝါကျတစ်ကြောင်းမှာ ဝါစကအပိုင်းမှာပါတဲ့ ကြိယာ ဟာ တည်ရှိခြင်းကိုဖေါ်ပြတဲ့ IMASU (ရှိတယ်။) ဆိုတာကို NI နဲ့တွဲလိုက်ရင် တစ်နေရာရာမှာ တစ်ခုခုရှိ တာကိုဖော်ပြတာပါ။
ဥပမာ - ကျမဘူတာရုံမှာရှိတယ်ဆိုတာကို WATASHI WA EKI NI IMASU လို့ပြောပါတယ်။

ဝါစကအပိုင်းမှာပါတဲ့ ကြိယာက အပြောင်းအလဲ ဒါမှမဟုတ်ရွေ့လျားမှုကိုဖော်ပြတဲ့ IKIMASU သွားတယ်ဆိုရင် NI ဆိုတာက ရွေ့လျားမှုရဲ့ခရီးဆုံးပန်းတိုင်ကို ဖော်ပြပါတယ်။
ဥပမာ - ကျမဘူတာရုံကိုသွားတယ်ဆိုတာကို WATASHI WA EKI NI IKIMASU လို့ပြောပါတယ်။

NI ကို နာရီအချိန် ရက်စွဲတစ်ခုခုကို အချိန်တိတိကျကျ ညွှန်ပြတဲ့ အနေနဲ့လည်းသုံးပါတယ်။ ဥပမာ အန်းနာ ၁၀ နာရီမှာလာတယ်ဆိုရင် ၁၀ နာရီဆိုတာက JÛJI ။ လာတယ် ဆိုတာက KIMASU ။ ဒီတော့ ANNA WA JUJI NI KIMASU လို့ပြောပါတယ်။ NI ဆိုတာကို မနက်ဖြန်ဒါမှမဟုတ် နောက်အပတ်ဆိုတာလိုမျိုး မတိကျပဲ စကားပြောတဲ့အချိန်အပေါ်မူတည်ပြီး နေ့ရက်တွေအချိန်တွေ အပြောင်းအလဲရှိနိုင်တဲ့ စကားလုံးမျိုး နဲ့ တွဲသုံးလို့မရပါဘူး။

ဒီတော့ အန်းနာဟာ မနက်ဖြန်လာမယ်လို့ ပြောချင်တယ်ဆိုရင် မနက်ဖြန်ဆိုတာက ASHITAဆိုတော့ ANNA WA ASHITA KIMASU လို့ ပြောပါတယ်။ ANNA WA ASHITA NI KIMASUလို့ ပြောလို့မရဘူးနော်။ NI ရဲ့ အခြားသုံးနည်း အမျိုးမျိုး လည်း ရှိပါသေးတယ်။ NI အသုံးတွေ စာကြောင်းထဲ ပါ ရင် သေသေချာချာ လေ့လာမှတ်သား ထားကြပါနော်။
NHK website ကနေထွက်ပါမယ်။