သင်ပေးပါဆရာမ
TE-ကြိယာပုံစံ + KARA (သင်ခန်းစာ 44)
သင်ခန်းစာ ၁၆ မှာတုန်းက ဝါကျတစ်ကြောင်းမှာ တစ်ခုထက်ပိုတဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေကို ဖော်ပြချင်တဲ့အခါ TE ပုံစံကြိယာတွေနဲ့ ဆက်သွယ်ပြီးသုံးသွားနိုင်တာကိုလေ့လာခဲ့ပါတယ်။TE ပုံစံကြိယာတွေရဲ့နောက်မှာ KARA (ပြီးမှ၊ပြီးနောက်) ဆိုတာကို ထည့်ပြောလိုက်မယ်ဆိုရင် လုပ်ဆောင်ချက်တစ်ခုကို လုပ်ပြီးတော့မှ သူ့နောက်မှာမှ နောက်ထပ်လုပ်ဆောင်ချက်တစ်ခု ထပ်လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပါတယ်။ဒီနည်းနဲ့ ဘာပြီးရင်ဘာဖြစ်တယ် ဆိုတာကို ဖော်ပြနိုင်ပါတယ်။

မေးခွန်းကို ပြန်ဖြေတဲ့အခါမျိုးမှာလည်း KARA ကို သုံးနိုင်ပါတယ်။
ဥပမာ - ''နေ့လည်စာဘယ်အချိန်စားမှာလဲ''လို့ကိုယ့်ကို သူများကမေးလာခဲ့ရင် ''စာကျက်ပြီးတဲ့အခါ စားမယ်''လို့ပြန်ဖြေတယ်ဆိုပါစို့။ လေ့လာခြင်း၊ စာကျက်ခြင်းကို BENKYÔ လို့ပြောပါတယ်။ ပြီးတယ်၊ ပြီးမယ် ဆိုတာက
OWARIMASU ပါ။ သူ့ရဲ့ TE ပုံစံကြိယာက OWATTE ဖြစ်ပါတယ်။စားမယ်ဆိုရင် TABEMASUပါ။ ဒီတော့ ခုလိုပြောပါတယ်။ BENKYÔ GA OWATTE KARA TABEMASU.