သင်ခန်းစာ 44
ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်းရောင် ဂျပန်လက်ဖက်ရည်ကြမ်း သောက်ပါမယ်။

အန်းနာဟာ သူ့တက္ကသိုလ်က လေ့လာရေးခရီးစဉ်နဲ့ Himeji ရဲတိုက်ကို ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ လက်ဖက်ရည်ပွဲ အခမ်းအနား ကျင်းပတဲ့နေရာ မှာ လက်တွေ့ လေ့လာနေပါတယ်။
အဓိက စကားပြောများ
WAGASHI O TABETE KARA, MACCHA O NOMIMASU.
သင်ခန်းစာ စာမူများ
アンナ | 和菓子はとても甘いですね。 | ဂျပန်ရိုးရာမုန့်တွေက သိပ်ချိုတယ်နော်။
|
---|---|---|
အန်းနာ | WAGASHI WA TOTEMO AMAI DESU NE.
ဂျပန်ရိုးရာမုန့်တွေက သိပ်ချိုတယ်နော်။
|
|
先生 | 和菓子を食べてから、抹茶を飲みます。 抹茶は苦いかもしれません。 |
ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်း ရောင်လက်ဖ က်ရည်ကြမ်းကို သောက်ရပါတယ်။ ဂရင်းတီးက ခါးရင်ခါးလိမ့်မယ်။ |
ဆရာ | WAGASHI O TABETE KARA, MACCHA O NOMIMASU. MACCHA WA NIGAI KAMOSHIREMASEN. ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်း ရောင်လက်ဖ က်ရည်ကြမ်းကို သောက်ရပါတယ်။
ဂရင်းတီးက ခါးရင်ခါးလိမ့်မယ်။
|
|
アンナ | 先生、足がしびれました。いたたたた。 | ဆရာ ... ခြေထောက်ကျဉ်နေပြီ။
နာ နာ နာ နာလိုက်တာ။
|
အန်းနာ | SENSEI, ASHI GA SHIBIREMASHITA. ITATATATA.
ဆရာ ... ခြေထောက်ကျဉ်နေပြီ။
နာ နာ နာ နာလိုက်တာ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
KAMOSHIREMASEN
KAMOSHIREMASEN ဆိုတာ (လားမသိဘူး၊ ဖြစ်ရင်ဖြစ်လိမ့်မယ်) လို့အဓိပ္ပာယ်ရပါတယ်။ ဥပမာ NIGAI KAMOSHIREMASEN (ခါးရင် ခါးလိမ့်မယ်)
သင်ပေးပါဆရာမ
TE-ကြိယာပုံစံ + KARA
သင်ခန်းစာ ၁၆ မှာတုန်းက ဝါကျတစ်ကြောင်းမှာ တစ်ခုထက်ပိုတဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေကို ဖော်ပြချင်တဲ့အခါ TE ပုံစံကြိယာတွေနဲ့ ဆက်သွယ်ပြီးသုံးသွားနိုင်တာကိုလေ့လာခဲ့ပါတယ်။
အိုနိုမာတိုပဲ
ထုံကျဥ်ခြင်း။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ပဆစ်တုပ်ထိုင်ရတာ သိပ်ခက်တာပဲ။ ခြေထောက်မကျဉ်အောင် ဘယ်ညာခြေမ ၂ ချောင်းကို ထိထားပြီး ပဆစ်တုပ်ထိုင်ရင် ကောင်းတယ်တဲ့။ နောက်တစ်ခါ လုပ်ကြည့်မယ်။
