NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > နာမဝိသေသန က နေ ကြိယာဝိသေသနကို ဘယ်လိုပြောင်းမလဲ။ (သင်ခန်းစာ 22)

သင်ပေးပါဆရာမ

နာမဝိသေသန က နေ ကြိယာဝိသေသနကို ဘယ်လိုပြောင်းမလဲ။ (သင်ခန်းစာ 22)

ဂျပန်စာမှာ နာမဝိသေသနတွေကို သဏ္ဍာန် ပြောင်းလိုက်ရင် ကြိယာဝိသေသနတွေ ဖြစ်သွားပါတယ်။ I နဲ့ဆုံးတဲ့ I နာမဝိသေသနတွေ ဥပမာ HAYAI စောသော၊မြန်သော ဆိုတဲ့ နာမဝိသေသနကို ကြိယာဝိသေသနပြောင်းချင်ရင် I ကို KU ပြောင်းရပါတယ်။ အဲဒီအခါမှ HAYAI ဆိုတာက HAYAKU လို့ဖြစ်သွားပါတယ်။ HAYAKU နဲ့ NARIMASHITA ဖြစ်လာပြီ တို့ကိုဆက်လိုက်ရင် HAYAKU NARIMASHITA စောလာပြီ မြန်လာပြီ လို့ ဖြစ်သွားပါတယ်။
NAနာမဝိသေသနအုပ်စုထဲက JÔZU တော်သော ဆိုတဲ့ နာမဝိသေသနကို ရှင်းပြပါမယ်။
NAနာမဝိသေသနက နာမ်တစ်ခုကိုအထူးပြုတဲ့အခါ NAဆိုတဲ့စကားလုံးကိုအဆုံးမှာထည့်တာကို လေ့လာခဲ့ပြီးပါပြီ။ ဒီတော့ JÔZU ဆိုတာက JÔZUNA ဖြစ်လာပါတယ်။NA နာမဝိသေသနတွေကို ကြိယာဝိသသနဖြစ်အောင်ပြောင်းမယ်ဆိုရင် စကားလုံးအဆုံးမှာ NI ကိုထည့်ရပါမယ်။ အဲဒီတော့ JÔZU ဆိုတာကJÔZUNIလို့ ဖြစ်သွားပါတယ်။ တော်လာပြီ လို့ ပြောချင်ရင် JÔZUNI NARIMASHITA လို့ပြောပါတယ်။
NHK website ကနေထွက်ပါမယ်။