NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 22

သင်ခန်းစာ 22

နောက်ကျသွားတယ်။

ထိုင်းနိုင်ငံက ကျောင်းသူလေး အန်းနာက သူ့ရဲ့မိတ်ဆွေတွေနဲ့ ကာရာအိုကေ သီချင်းသွားဆိုလိုက်တာ အဆောင်ပိတ်ချိန်ဖြစ်တဲ့ ည ၁၁ နာရီကျော်မှ အဆောင်ကိုပြန်ရောက်ခဲ့ပါတယ်။

သင်ခန်းစာ 22 ၁ဝ မိနစ်

အဓိက စကားပြောများ

OSOKU NARIMASHITA

သင်ခန်းစာ စာမူများ

アンナ お母さん、ごめんなさい。遅くなりました。 အမေ ... တောင်းပန်ပါတယ်။ နောက်ကျသွား ပါတယ်။
အန်းနာ OKÂSAN, GOMENNASAI. OSOKU NARIMASHITA.
အမေ ... တောင်းပန်ပါတယ်။ နောက်ကျသွား ပါတယ်။
寮母 アンナさん、10分も遅刻です。
約束を破ってはいけません。
အန်းနာစံ ၁ဝ မိနစ် တောင်နောက်ကျ တယ်။
ကတိကို ချိုးဖောက် လို့မရဘူး။
အဆောင်မှူး ANNA-SAN, JIPPUN MO CHIKOKU DESU.
YAKUSOKU O YABUTTE WA IKEMASEN.
အန်းနာစံ ၁ဝ မိနစ် တောင်နောက်ကျ တယ်။ ကတိကို ချိုးဖောက် လို့မရဘူး။
アンナ すみません。気をつけます。 တောင်းပန်ပါတယ်။ သတိထားပါ့မယ်။
အန်းနာ SUMIMASEN. KI O TSUKEMASU.
တောင်းပန်ပါတယ်။ သတိထားပါ့မယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

FUN / PUN:မိနစ်ကိုရေတွက်သည့် အသုံးအနှုန်း

နှစ်မိနစ်= NIFUN
ဆယ်မိနစ်= JIPPUN / JUPPUN
၁မိနစ်ကနေ ၁၀ မိနစ်အထိ ကျက်ကြစို့။ သင်ကြားရေးအထောက်ကူပြု ပစ္စည်းများ စာမျက်နှာဆီကို သွားရောက်လေ့လာပါ။

TE ကြိယာပုံစံ + WA IKEMASEN

TE ပုံစံကြိယာ နဲ့ တွဲပြီး   WA  IKEMASEN  ကိုသုံးရင် မလုပ်သင့်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ--YAKUSOKU O YABUTTE  WA  IKEMASEN  ဆိုတာ ကတိကိုမချိုးဖောက်သင့်ဘူး လို့ ပြောတာပါ။

သင်ပေးပါဆရာမ

နာမဝိသေသန က နေ ကြိယာဝိသေသနကို ဘယ်လိုပြောင်းမလဲ။
ဂျပန်စာမှာ နာမဝိသေသနတွေကို သဏ္ဍာန် ပြောင်းလိုက်ရင် ကြိယာဝိသေသနတွေ ဖြစ်သွားပါတယ်။ I နဲ့ဆုံးတဲ့ I နာမဝိသေသနတွေ ဥပမာ HAYAI စောသော၊မြန်သော ဆိုတဲ့ နာမဝိသေသနကို ကြိယာဝိသေသနပြောင်းချင်ရင် I ကို KU ပြောင်းရပါတယ်။

အိုနိုမာတိုပဲ

ဒေါသ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ကျွန်မအဆောင်မှူးကို စိတ်ပူအောင်လုပ်မိပြီ။. နောက်ကျမယ်လို့ ထင်ရင် ကြိုတင်ပြီး ပြောပြထားသင့်တယ် ဆိုတာကို သင်ခန်းစာ ရလိုက်ပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။