သင်ပေးပါဆရာမ
ကြိယာကနေ နာမ်ကို ဘယ်လိုပြောင်းမလဲ။ (သင်ခန်းစာ 47)
ကြိယာတွေကို နာမ်အဖြစ်ပြောင်းမယ်ဆိုရင် TA ပုံစံ ဒါမှမဟုတ် အဘိဓာန်ပုံစံလိုမျိုး အခြေပုံစံကြိယာတွေရဲ့ နောက်မှာ NO နဲ့ KOTO ဆိုတာကိုထည့်ရပါတယ်။ဒီနေ့သင်ခန်းစာရဲ့ (အဓိကအသုံးအနှုန်းဖြစ်တဲ့) ဂျပန်စာဆရာမ တစ်ယောက်ဖြစ်ဖို့ကအိပ်မက်ပါဆိုတာကိုသုံးပြီးရှင်းပြပါမယ်။

NO အစား KOTO ကိုလည်း သုံးနိုင်ပါတယ်။ NARU NO (ဖြစ်လာခြင်း) ဆိုတာကို NARU KOTO.လို့လည်း ပြောနိုင်ပါတယ်။
NARU KOTO ဆိုတာကို သုံးမယ်ဆိုရင် NIHONGO-KYÔSHI NI NARU KOTO GA YUME DESU ဆိုတဲ့ဝါကျဖြစ်သွားပါတယ်။
ဝါကျရဲ့အဆုံးမှာရှိတဲ့ DESU ရဲ့ရှေ့က ကြိယာကို နာမ် ဖြစ်အောင်ပြောရမယ်ဆိုရင်တော့ KOTO ကိုပဲ သုံးရပါတယ်။ ကျမရဲ့အိပ်မက်က ဂျပန်စာဆရာမဖြစ်ဖို့ပါ ဆိုတာကို ဘယ်လိုပြော မလဲဆိုတာ လေ့လာကြပါမယ်။ ကျွန်မရဲ့အိပ်မက်ဆိုတာကို
WATASHI NO YUME လို့ပြောပါတယ်။ ဒါကြောင့် ဂျပန်လို WATASHI NO YUME WA NIHONGO-KYÔSHI NI NARU KOTO DESU လို့ပြောရပါတယ်။

ငှက်ဆိုတာ ကို TORI လို့ပြောပါတယ်။ အော်တယ်၊ အော်မယ် ဆိုတာက NAKIMASU ပါ။ သူ့ရဲ့ အဘိဓာန်ပုံစံက NAKU ဖြစ်ပါတယ်။ ဒီတော့ ငှက်အော်တာ ဆိုတာကို TORIGA NAKU NO GA လို့ပြောရပါတယ်။ ကြားရတယ်ဆိုတာက KIKOEMASU ပါ။ ဒီတော့ ငှက်အော်တာကို ကြားရတယ်ဆိုတာကို TORI GA NAKU NO GA KIKOEMASU. လို့ပြောပါတယ်။