သင်ပေးပါဆရာမ
ဂျပန်အက္ခရာစာလုံးများ (သင်ခန်းစာ 1)
ဂျပန်ဘာသာမှာအက္ခရာစာလုံးအမျိုးအစား ၃ မျိုးရှိပါတယ်။ တစ်မျိုးချင်းစီကို သူ့အခန်းကဏ္ဍနဲ့သူ ခွဲသုံးရပါတယ်။ WATASHI WA ANNA DESU “ကျွန်မဟာ အန်းနာပါ” ဆိုတဲ့ဝါကျကို ဂျပန်လိုရေးတဲ့အခါ နာမ်ဖြစ်တဲ့ WATASHI “ကျွန်တော်၊ ကျွန်မ” ဆိုတာကို Kanji နဲ့ရေးပါတယ်။
ဂျပန်ဘာသာစကားမှာ a i u e o ဆိုတဲ့ သရ ၅ လုံးရှိပါတယ်။ ဗျည်းကတော့ ၉ လုံးရှိပါတယ်။ ဂျပန်စကားအသံထွက်မှာတော့သရတစ်လုံးတည်းအသံထွက်တာလည်းရှိတယ်။ ဒါမှမဟုတ်ဗျည်းနဲ့သရကိုပေါင်းစပ်ပြီး အသံတစ်သံထွက်တာလည်းရှိပါတယ်။
ဒါတွေအပြင် n ဆိုတဲ့ အသံလည်းရှိပါသေးတယ်။ ဖတ်စာအုပ်နဲ့ဂျပန်စကားပြောသင်ခန်းစာရဲ့အင်တာနက်စာမျက်နှာမှာပြထားတဲ့ရေးနည်းတွေကို
သုံးပြီးသောတရှင်တို့ရဲ့နာမည်ကိုဂျပန်လိုကြိုးစားပြီးရေးကြည့်ပါဦးနော်။