သင်ခန်းစာ 1
ကျွန်မဟာအန်းနာပါ။

အန်းနာဟာထိုင်းနိုင်ငံကလာတဲ့ကျောင်းသူလေး
တစ်ယောက်ပေါ့။ သူဟာ ဒီနေ့ ဆာ့ခူရာနဲ့ တက္ကသိုလ်မှာ ပထမဦးဆုံးအကြိမ်တွေ့ဆုံပါမယ်။
အဓိက စကားပြောများ
WATASHI WA ANNA DESU
သင်ခန်းစာ စာမူများ
アンナ | はじめまして。私はアンナです。 | တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မ အန်းနာပါ။ |
---|---|---|
အန်းနာ | HAJIMEMASHITE. WATASHI WA ANNA DESU. တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မ အန်းနာပါ။
|
|
さくら | はじめまして。さくらです。 | တွေ့ရတာဝမ်းသာပါတယ်။ ဆာ့ခူရာပါ။ |
ဆာ့ခူရာ | HAJIMEMASHITE. SAKURA DESU. တွေ့ရတာဝမ်းသာပါတယ်။ ဆာ့ခူရာပါ။
|
|
アンナ | よろしくお願いします。 | မိတ်ဆွေအဖြစ်အသိအမှတ်ပြုပါ။
|
အန်းနာ | YOROSHIKU ONEGAI SHIMASU.
မိတ်ဆွေအဖြစ်အသိအမှတ်ပြုပါ။
|
|
さくら | こちらこそ。 | ကျွန်မကိုလည်း မိတ်ဆွေအဖြစ်အသိအမှတ်ပြုပါ။
|
ဆာ့ခူရာ | KOCHIRAKOSO.
ကျွန်မကိုလည်း မိတ်ဆွေအဖြစ်အသိအမှတ်ပြုပါ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
A WA B DESU
(A ဟာ B ဖြစ်ပါတယ်။ )
WA ဆိုတာက ကတ္တားပြဝိဘတ်ပါ။ နာမ် B ရဲ့နောက်မှာ DESU ပါတဲ့အတွက် ကြိယာပုဒ်ဖြစ်သွားပါတယ်။ ဥပမာ WATASHI WA ANNA DESU. ကျွန်မဟာအန်းနာဖြစ်ပါတယ်။
ဂျပန်အက္ခရာစာလုံးများ
ဂျပန်အက္ခရာစာလုံး ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့ Hiragana, Katakana နဲ့ Kanji တို့ဖြစ်ကြပြီး တစ်မျိုးချင်းစီကို သူ့အခန်းကဏ္ဍနဲ့သူ ခွဲသုံးရပါတယ်။
သင်ပေးပါဆရာမ
ဂျပန်အက္ခရာစာလုံးများ
ဂျပန်ဘာသာမှာအက္ခရာစာလုံးအမျိုးအစား ၃ မျိုးရှိပါတယ်။ တစ်မျိုးချင်းစီကို သူ့အခန်းကဏ္ဍနဲ့သူ ခွဲသုံးရပါတယ်။ WATASHI WA ANNA DESU “ကျွန်မဟာ အန်းနာပါ” ဆိုတဲ့ဝါကျကို ဂျပန်လိုရေးတဲ့အခါ နာမ်ဖြစ်တဲ့ WATASHI “ကျွန်တော်၊ ကျွန်မ” ဆိုတာကို Kanji နဲ့ရေးပါတယ်။
အိုနိုမာတိုပဲ
PON
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်တဲ့အခါ အားလုံးဦးညွှတ်ကြတယ်။ လက်ဆွဲနှုတ်ဆက်တာကိုတော့သိပ်လုပ်လေ့မရှိကြဘူး
လို့ပြောတယ်။ ထိုင်းနိုင်ငံမှာလိုပါပဲလား။
