NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > မေးခွန်းဝါကျများ (သင်ခန်းစာ 2)

သင်ပေးပါဆရာမ

မေးခွန်းဝါကျများ (သင်ခန်းစာ 2)

ဂျပန်လို မေးခွန်းမေးတဲ့အခါ စကားလုံးအစီအစဉ် အထား အသိုကို မပြောင်းရပါဘူး။ ဝါကျရဲ့အဆုံးမှာ ဝိဘတ်
KA ကိုထည့်ပြီး အသံကိုမြှင့်ပြောရပါတယ်။
KORE WA OMIYAGE DESU (ဒါဟာ အမှတ်တရ ပစ္စည်းပါ) ဆိုတဲ့ဝါကျကို အမေးဝါကျ ပြောင်းချင်ရင်
KORE WA OMIYAGE DESU KA (ဒါဟာ အမှတ်တရ ပစ္စည်းပါလား) လို့ပြောရပါတယ်။ ဟုတ်ကြောင်း၊ ဖြစ်ကြောင်း ပြတဲ့ဝါကျတွေ၊ အမေးဝါကျတွေကို ဖွဲ့ကြည့်ရအောင်။
KORE WA OMIYAGE DESU (ဒါဟာ အမှတ်တရ ပစ္စည်းပါ။)
KORE WA OMIYAGE DESU KA (ဒါဟာ အမှတ်တရ ပစ္စည်းပါလား။) ကိုယ့်ရှေ့မှာ ရှိနေတာက ဘာပစ္စည်းလဲ ဆိုတာမေးချင်တဲ့ အခါမှာတော့ အခုလို ပြောပါတယ်။ KORE WA NAN DESU KA (ဒါဟာ ဘာပါလဲ။)
NAN (ဘာ) ရဲ့နောက်မှာ JI (နာရီ) ဆိုတဲ့စကားလုံးကိုထည့်ပြီး NANJI DESU KA (ဘယ်နှစ်နာရီလဲ) လို့မေးနိုင်ပါတယ်။ အလားတူ NAN နဲ့ လူအရေအတွက်ကိုဖော်ပြတဲ့ NIN (ယောက်) ဆိုတဲ့စကားလုံးကိုပေါင်းပြီး NANNIN DESU KA (ဘယ်နှစ်ယောက်ပါလဲ) လို့ မေးနိုင်ပါတယ်။
NHK website ကနေထွက်ပါမယ်။