NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TE-ပုံစံ နာမဝိသေသနကို ဘယ်လိုလုပ်ရလဲ။ (သင်ခန်းစာ 34)

သင်ပေးပါဆရာမ

TE-ပုံစံ နာမဝိသေသနကို ဘယ်လိုလုပ်ရလဲ။ (သင်ခန်းစာ 34)

၂ ခု ဒါမှမဟုတ် ၂ ခုထက်ပိုတဲ့ နာမဝိသေသနတွေကို သုံးပြီး နာမ်ကို အထူးပြုချင်တယ်ဆိုရင် (ပထမ) နာမဝိသေသနကို TE ပုံစံကိုပြောင်းပြီး ပြောရပါမယ်။
အခု နာမဝိသေသနတွေကို TE ပုံစံဘယ်လိုပြောင်းသလဲဆိုတာ ပြောပြပါမယ်။ I-နာမဝိသေသနနဲ့ NA- နာမဝိသေနဆိုပြီး နာမဝိသေန၂ မျိုးရှိတယ်ဆိုပြီးလေ့လာခဲ့ဖူးပါတယ်။ I နာမဝိသေသနဆိုတာကYASUI ဈေးပေါသောလိုမျိုး I အက္ခရာနဲ့ ဆုံးတဲ့ I- နာမဝိသေသနတွေပါ။
I- နာမဝိသေသနကို TE ပုံစံပြောင်းမယ်ဆိုရင် အဆုံးမှာရှိတဲ့ I ကို KUTE လို့ပြောင်းလိုက်ပါ။ အဲဒီတော့ ဈေးပေါသော YASUI ဆိုတာက YASUKUTE လို့ဖြစ်သွားပါတယ်။ ပျော်ရွှင်သော TANOSHII ဆိုတာက TANOSHIKUTE လို့ဖြစ်သွားပါတယ်။ II (ကောင်းသော) ဆိုတဲ့ နာမဝိသေသနကတော့ ချွင်းချက်ပါ။ သူကတော့ YOKUTE လို့ ဖြစ်သွားပါတယ်။ GENKI (ကျန်းမာသော၊ လန်းဆန်းသော)ဆိုတာလိုမျိုး NA ပါတဲ့နာမဝိသေသနတွေကိုသုံးပြီး နာမ်တွေကိုအထူးပြုချင်ရင် နာမဝိသေသနတွေရဲ့နောက်မှာ NA ထည့်ရပါတယ်။ ဒါ​ကြောင့် လူလို့အဓိပ္ပာယ်ရတဲ့နာမ် HITO ကိုပေါင်းထည့်လိုက်ရင် GENKI NA HITOလို့ဖြစ်သွားပါတယ်။

NA နာမဝိသေသနတွေကို TE ပုံစံကိုပြောင်းမယ်ဆိုရင် အဆုံးမှာ DEဆိုတာကို တွဲလိုက်ပါ။ ဒီတော့ GENKI ကျန်းမာသော ဆိုတဲ့နာမဝိသေသနက GENKI DE
လို့ဖြစ်သွားပါတယ်။ ကျန်းမာပြီးပျော်ပျော်နေတတ်သော လူလို့ ပြောချင်တယ်ဆိုရင် ပျော်ရွှင်သောဆိုတာက AKARUI ။ ဒီတော့ GENKI DE AKARUI HITO လို့ပြောရပါတယ်။
NHK website ကနေထွက်ပါမယ်။