ဂျပန်ဘာသာ အက္ခရာများ

ဂျပန်ဘာသာမှာ အက္ခရာ ၃ မျိုး ရှိပါတယ်။ ဟီရာ့ဂါ့နာ၊ ခါတာ့ခါ့နာ နဲ့ ခန်းဂျီးတွေပဲ ဖြစ်ပါတယ်။
ဟီရာ့ဂါ့နာနဲ့ ခါတာ့ခါ့နာတွေက အသံကို ကိုယ်စားပြုတဲ့ အက္ခရာတွေဖြစ်ပြီး တစ်လုံးချင်းမှာ အသံ ၁ သံ ရှိပါတယ်။ တစ်ဖက်မှာတော့ ခန်းဂျီးဟာ အဓိပ္ပာယ်ကို ဖော်ပြတဲ့ အက္ခရာဖြစ်ပြီး တစ်လုံးချင်းက အဓိပ္ပာယ်ကို ပြသနေပါတယ်။