NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > အန်းနာနဲ့အတူ လေ့လာပါမယ်

ဂျပန်စကားကို ဘယ်လိုလေ့လာနေတယ်ဆိုတာကို ဓာတ်ပုံရိုက်ပေးပို့ပါ။

[ပေးပို့ရန်အတွက် သတ်မှတ်ချက် စည်းမျဉ်းများ]

  • ပေးပို့လာတဲ့ ဓာတ်ပုံတွေ၊ထင်မြင်ချက်တွေ အားလုံးကို အသံလွှင့်ပေးမယ် သို့မဟုတ် အင်တာနက် စာမျက်နှာပေါ် တင်ပေးမယ်လို့ အာမ မခံနိုင်ပါဘူး။
  • သင်ပေးပို့မယ့် အချက်အလက်တွေဟာ 200MB သို့မဟုတ် 200MB အောက်မှာ ဖြစ်ရပါမယ်။
  • ဝက်ဘ်ဆိုဒ်က စုဆောင်းလက်ခံရရှိထားတဲ့ စာမူတွေနဲ့ စစ်ဆေးရရှိထားတဲ့ အကြောင်းအရာတွေကို ပြည်တွင်းကအသံလွှင့်ဌာန တွေမှာ အသုံးပြုသွားမှာဖြစ်သလို NHK ကလည်း ပြန်လည်ဖန်တီးထုတ်လွှင့် တာမျိုးတွေ လုပ်နိုင်ပါတယ်။ စာမူတွေကို NHK ရဲ့ နိုင်ငံတကာအသံလွှင့်ဌာနမှာ အသုံးပြုမှာဖြစ်သလို ပြည်ပနိုင်ငံတွေကိုပေးပို့တာ၊ လူထုအကြားမှာ လှုပ်ရှားဆောင်ရွက်မှု တွေလုပ်ဆောင်တဲ့အခါသုံးခြင်း၊ အသံလွှင့်အစီအစဉ်ပြိုင်ပွဲတွင်ယှဉ်ပြိုင်ခြင်း၊ ပွဲလမ်းသဘင်တွင်အသုံးပြုခြင်း၊ အလွတ် စာကြည့်တိုက် တွင်ထားရှိခြင်း၊ အခကြေးငွေပေးရသည့် သို့မဟုတ် အခမဲ့အသုံးပြုခွင့်ရသည့် ဝက်ဘ်ဆိုဒ်တွင်ဖြစ်စေ ထည့်သွင်း အသုံးပြုခြင်း ပြုလုပ်မှာဖြစ်ပါတယ်။ စာမူတွေကို NHK သာမက ပြည်တွင်းပြည်ပအခြား အသံလွှင့်ဌာနတွေကိုလည်း ပေးပို့ခြင်း၊ စီးပွားဖြစ် ရုပ်မြင်သံကြားလိုင်းတွင် ပြသခြင်း၊ အစီအစဉ်ကို ဗွီဒီယို၊အသံသွင်းခွေအဖြစ်ရောင်းချခြင်း၊ ဗွီဒီယိုနဲ့ အသံတိတ်ခွေကို ကြော်ငြာ ရိုက်ရာတွင်ထည့်သွင်း အသုံးပြုခြင်း၊ ဗီဒီယိုမှတ်တမ်းတွေ ထုတ်လုပ်ခြင်း၊ အင်တာနက် စာမျက်နှာပေါ်တွင် ဗီဒီယိုမှတ်တမ်းတွေ ဖြန့်ချီခြင်း စသည်တို့ကို လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီလိုမျိုး အသုံးပြုခြင်းများ နဲ့ပတ်သက်ပြီး စာမူရှင်တွေဆီကို တစ်စုံတစ်ရာကြိုတင် အသိပေးအကြောင်း ကြားခြင်းမျိုး ပြုလုပ်မည် မဟုတ်ပါ။
  • ပို့လိုက်တဲ့ သင့်ရဲ့ နာမည်ကို အထက်ဖော်ပြပါ ရည်ရွယ်ချက်တွေအတွက် အတိုချုပ်ပြီး အသုံးပြုတာမျိုးလည်း ရှိမှာ ဖြစ်ပါတယ်။
  • လက်ခံရရှိတဲ့ ဓာတ်ပုံတွေနဲ့ ထင်မြင်ယူဆချက်တွေကို မူရင်းပေးပို့လာသူ ရေးသားထားတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရာတွေကို မထိခိုက်စေပဲ အယ်ဒီတာတွေက တည်းဖြတ် တာမျိုးတွေရှိနိုင်ပါတယ်။
  • သောတရှင် ကိုယ်တိုင်ဖန်တီး တာကလွဲပြီး၊ တခြားသူတွေ ရေးသားထားတဲ့ ဇာတ်လမ်းတွေ ကဗျာတွေထဲက အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ စာသားတွေကို ယူပြီးအသုံးပြုထားတာမျိုး ပေးပို့တာမျိုး မဖြစ်စေရပါ။
  • ပေးပို့လာတဲ့ ဓာတ်ပုံတွေ၊ထင်မြင်ယူဆချက်တွေအပေါ် တစ်ခြားသူတစ်ဦးဦးရဲ့ ရပိုင်ခွင့် အခွင့်အရေး ပြဿနာများနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက်လာလျှင် ပေးပို့သူမှ လုံးဝတာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။
  • ပေးပို့သူ သူ / သူမ နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ အသက်အရွယ် မပြည့်သေးပါက ပေးပို့သူရဲ့ အုပ်ထိန်းသူထံမှ သဘောတူ ခွင့်ပြုချက် ရရှိရန်လိုအပ်ပါတယ်။
  • သောတရှင် ပေးပို့လိုက်တဲ့ အကြောင်း အရာမှန်သမျှ ကို ပြန်ပေးမှာ မဟုတ်ဖူးဆိုတာကို သိရှိထားစေချင်ပါတယ်။
  • ပို့လိုက်တဲ့ အီးမေးလ်လိပ်စာကို အောက်ဖော်ပြပါရည်ရွယ်ချက်တွေအတွက် သက်သက်သာ အသုံးပြုမှာ ဖြစ်ပါမယ်။
    1. (၁) ပေးပို့လာတဲ့ သင်ရဲ့ ဓာတ်ပုံ၊ ထင်မြင်ယူဆချက်တွေနဲ့ပတ်သက်ပြီး သောတရှင်ကို ဆက်သွယ် မေးမြန်းဖို့အတွက် ။
    2. (၂) အစီအစဉ် ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အဆက်အသွယ် လုပ်ဖို့အတွက်။
    3. (၃) NHK အပြင် အခြား လုပ်ငန်းအဖွဲ့အစည်းတွေကို အစီအစဉ်တစ်ခု၊ ဓာတ်ပုံ ဒါမှမဟုတ် ပေးပို့လာတဲ့ ထင်မြင်ချက်တွေကို မျှဝေတာနဲ့ ပတ်သက်ပြီး အကြောင်းကြားဖို့အတွက်။
    4. အခြားသောရည်ရွယ်ချက်တွေအတွက် အသုံးပြုမည်မဟုတ်ပါ။
  • ပုဂ္ဂလိက ကိုယ်ရေး အချက်အလက် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ NHK ရဲ့ မူဝါဒ ကိုဖတ်ပါ။

အထက်ကဖော်ပြခဲ့တဲ့ အချက်အလက်တွေကို သဘောတူတယ်ဆိုရင် သင်ရဲ့ ဓာတ်ပုံ၊ ထင်မြင်ယူဆချက်တွေ၊ စာမူတွေကို ပေးပို့ပါ။