သင်ပေးပါဆရာမ
ARIMASU (ရှိတယ်၊ ရှိမယ်) ဆိုတဲ့ ကြိယာကို ဘယ်လိုမျိုးသုံး နိုင်သလဲလေ့လာပါမယ် (သင်ခန်းစာ 7)
ARIMASU (ရှိတယ်၊ ရှိမယ်) ဆိုတာက လူတွေ၊ အရာဝတ္တုတွေရဲ့ တည်ရှိမှုကို ဖော်ပြတဲ့ ကြိယာ ARIMASU နဲ့ ကတ္တားဝိဘတ် GA ကို တွဲသုံးလေ့ရှိပါတယ်။လူတွေ၊ အရာဝတ္တုတွေကိုပထမဆုံး စမိတ်ဆက်
ပြောဆိုတဲ့အခါမှာ GA ကိုသုံးပါတယ်။
ကိတ်မုန့်ဆိုင်ထဲကိုအန်းနာစဝင်ဝင်ခြင်းမှာ၊ KÊKI GA IPPAI ARIMASU NE (ကိတ်မုန့်တွေ က အများကြီးရှိတယ်နော်) လို့ပြောလိုက် တယ်လေ။ ဒီဝါကျမှာပထမဦးဆုံးအကြိမ် ကိတ်မုန့် အကြောင်းကိုပြောတာကြောင့်ကတ္တားဝိဘတ GA ကိုသုံးပါတယ်။

နောက်ထပ်ဥပမာတစ်ခုပြောပြမယ်။ ရှပ်အင်္ကျီဆိုင်ကိုသွားပြီး အင်္ဂျီဝယ်တယ်ဆိုပါစို့။ ဒါပေမယ့် ဆိုဒ်အကြီးရှာလို့မတွေ့ရင် ဆိုင်အရောင်းစာရေးကို ERU SAIZU WA ARIMASU KA (အယ်လ် ဆိုဒ်ရှိပါသလားလို့ မေးရပါမယ်။)