သင်ပေးပါဆရာမ
ဘယ်လိုအချိန်မှာ HA လို့ရေးပြီး WA လို့အသံထွက်ဖတ်ပါသလဲ။ (သင်ခန်းစာ 6)
ရှေးရှေးတုန်းကတော့ ကတ္တားပြဝိဘတ် WA ကိုရေးတဲ့အခါလည်း HA လို့ပဲရေးပြီး HA လို့ပဲ အသံထွက်ပါတယ်။ အဲဒီနောက် တဖြည်းဖြည်း အသံထွက်က WA လို့ပြောင်းသွားပါတယ်။ ဒါပေမယ့် အရင်အတိုင်း HA လို့ပဲဆက်ရေးပါတယ်။ မင်္ဂလာနေ့လယ်ခင်းပါ လို့ အဓိပ္ပာယ်ရတဲ့ KONNICHIWA ဆိုတဲ့ စကားလုံးထဲက WA က WA လို့အသံထွက်ပါတယ်။ ဒါပေမယ့် HA လို့ရေးပါတယ်။
ဒါ့အပြင် DENWA O SHIMASU (ဖုန်းဆက်မယ်) ဆိုတဲ့ ဝါကျမှာပါတဲ့ ဥ ဆိုတဲ့ ကံဝိဘတ်ရဲ့ အသံထွက်ဟာ ဟိုးအရင်ကတခြားအသံထွက်ပါတယ်။ အခု - ဝို - လို့အသံထွက်ပါတယ်။ ဒါပေမယ့် ရေးတဲ့အခါမှာတော့ အရင်က အတိုင်းပဲ ရေးပါတယ်။