သင်ပေးပါဆရာမ
အဘိဓာန်ပုံစံကြိယာ + MAE NI (သင်ခန်းစာ 46)
MAE NI (မတိုင်ခင်) ဆိုတာကိုတစ်စုံ တစ်ရာမဖြစ်ခင် မလုပ်ခင်မှာ အခြားတစ်ခုခုကိုလုပ်တယ်ဆိုတာကို အလေးပေးဖော်ပြဖို့ သုံးပါတယ်။ MAE NI (မတိုင်ခင်) ရဲ့ရှေ့ကကြိယာက အဘိဓာန်ပုံစံဖြစ်ရပါမယ်။ဝါကျတစ်ကြောင်းလုံးက အတိတ်ကာလဖြစ်နေတယ်ဆိုရင်တောင်မှ MAE NI ရဲ့ရှေ့ကကြိယာက ပစ္စုပ္ပန်ကိုဖော်ပြတဲ့ အဘိဓာန်ပုံစံဖြစ်ရပါမယ်။
ထမင်းမစားမီ လက်ဆေးခဲ့တယ်ဆိုတာကို ဂျပန်လိုပြောကြည့်ရအောင် ။ ထမင်းကို GOHAN လို့ပြောပါတယ်။ စားတယ်၊စားမယ်ဆိုတာက TABEMASU ။ သူ့ရဲ့ အဘိဓာန်ပုံစံက TABERU ပါ။ လက်ကို TE လို့ပြောပါတယ်။ ဆေးတယ်ဆေးမယ်ဆိုတာက ARAIMASU ပါ။ သူ့ရဲ့အတိတ်ကာလပုံစံက ARAIMASHITA ဖြစ်ပါတယ်။ ဒီတော့ အားလုံးပေါင်းလိုက်ပြီး ဝါကျဖွဲ့ကြည့်မယ်ဆိုရင် GOHAN O TABERU MAE NI TE O ARAIMASHITA.လိုပြောလို့ရပါတယ်။

ထမင်းစားပြီးတဲ့အခါ ပန်းကန်ဆေးတယ် ဆိုတာကို ဂျပန်လိုပြောကြည့် ရအောင်။ စားတယ်၊ စားမယ်ရဲ့ TA ပုံစံက TABETA ပါ။ပန်းကန်ကှိ SARA လို့ပြောပါတယ်။ ယဉ်ကျေးတဲ့ပုံစံဆိုရင်တော့ OSARA လို့ပြောရပါတယ်။ အဲဒီတော့ ထမင်းစားပြီးတဲ့အခါ ပန်းကန်ဆေးတယ် ဆိုတာကို GOHAN O TABETA ATO DE,OSARA O ARAIMASUလို့ပြောရပါတယ်။
