NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > MORAIMASU (သင်ခန်းစာ 45)

သင်ပေးပါဆရာမ

MORAIMASU (သင်ခန်းစာ 45)

ပထမဦးဆုံးအနေနဲ့ AGEMASU နဲ့ KUREMASU ကြိယာ ၂ ခုလုံးက ပေးတယ်၊ ပေးမယ်ဆိုတဲ့အဓိပ္ပာယ် ဆိုတာကို သတိပြုပါ။ ပြီးတော့ MORAIMASU ဆိုတာက လက်ခံရယူတယ်၊ လက်ခံရယူမယ်လို့ အဓိပ္ပာယ်ရပါတယ်။
ဂျပန်စကားမှာ အဲဒီစကားလုံးတွေကို ရွေးချယ်တဲ့အခါမှာ ကတ္တားက ပေးတဲ့သူလား ဒါမှမဟုတ် လက်ခံတဲ့သူလားဆိုတဲ့အပေါ်မူတည်ပြီးတော့ ဘယ်ကြိယာကိုသုံးမလဲဆိုတာ ရွေးချယ်ရပါတယ်။ ပေးတဲ့သူကို ကတ္တားနေရာမှာထားပြီးပြောမယ်ဆိုရင် (ပေးတယ်၊ ပေးမယ်) လို့အဓိပ္ပာယ်ရတဲ့ AGEMASU ဒါမှမဟုတ် KUREMASU ကိုသုံးရမယ်။

စကားပြောတဲ့သူကိုဖြစ်စေ၊ စကားပြောတဲ့သူရဲ့အိမ်သားတစ်ယောက် ကိုဖြစ်စေ တစ်ခုခုပေးတာရခဲ့တယ်ဆိုရင် ပေးတယ်ပေးမယ်လို့ အဓိပ္ပာယ်ရတဲ့ KUREMASU ကိုသုံးရပါတယ်။

ခန်းတက ကျွန်မကို ဓါတ်ပုံပေးတယ်လို့ ပြောတဲ့သူက ကတ္တားနေရာက ထားပြီး ပြောချင်တယ်ဆိုရင် ဓါတ်ပုံဆိုတာက SHASHIN ကျွန်မဆိုတာက WATASHI လက်ခံသူကိုဖော်ပြတဲ့ ဝိဘတ်အနေနဲ့ NI ကိုသုံးပါတယ်။ ဒီတော့ ခန်းတက ကျွန်မကို ဓါတ်ပုံပေးတယ်ဆိုတာကို ခုလိုပြောပါတယ်။ KENTA WA WATASHI NI SHASHIN O KUREMASU.

လက်ခံတဲ့သူက ကိုယ့်အိမ်သား၊ ကိုယ့်သူငယ်ချင်းထဲကမဟုတ်ဘဲ အပြင်ဘက်ကသူစိမ်းဖြစ်ခဲ့မယ်ဆိုရင် ပေးတယ်၊ပေးမယ်လို့ အဓိပ္ပာယ်ရတဲ့ AGEMASU ကိုသုံးရပါတယ်။ ဒီတော့ KENTA WA ANNA NI SHASHIN O AGEMASU (ခန်းတက အန်းနာကို ဓါတ်ပုံပေးတယ်) လို့ပြောရပါတယ်။

လက်ခံတဲ့သူကို ကတ္တားနေရာကထားပြီး သုံးမယ်ဆိုရင် MORAIMASU (လက်ခံရယူတယ်၊ လက်ခံရယူမယ်) ကိုသုံးရပါတယ်။ ပေးတဲ့သူကိုဖော်ပြဖို့ ဝိဘတ် NI ကိုသုံးပါ။
အန်းနာက ခန်းတဆီကနေ ဓါတ်ပုံကိုရတယ်ဆိုရင် ANNA က ကတ္တားပါ။ ပေးတဲ့သူက ခန်းတပါ။ ဒီတော KENTA NI လို့ပြောရပါတယ်။ အန်းနာက ခန်းတဆီက ဓါတ်ပုံကိုရတယ် ဆိုတာကို ANNA WA KENTA NI SHASHIN O MORAIMASU လို့ပြောရပါတယ်။

ကိုယ့်ထက်ကြီးတဲ့သူဆီက တစ်ခုခု လက်ခံရတယ် ဆိုရင် MORAIMASU အစား ITADAKIMASU လို့ပြောတာက ပိုကောင်းပါတယ်။ ITADAKIMASU ကိုမှန်မှန်ကန်ကန်သုံးတတ်ရင် ဂျပန်စာအရည်အချင်း အများကြီးတိုးတက်လာမှာပါ။
NHK website ကနေထွက်ပါမယ်။