သင်ပေးပါဆရာမ
NAIပုံစံကြိယာ + NAKEREBA NARIMASEN (သင်ခန်းစာ 36)
တစ်ခုခုလုပ်ကိုလုပ်ရမယ် ဒါမှမဟုတ် မလုပ်လို့မဖြစ်ဘူးဆိုတာကို ပြောတဲ့အခါ NAI ပုံစံကြိယာရဲ့ NAI နေရာမှာ NAKEREBA NARIMASEN ကိုအစားထိုးပြီးပြောရပါတယ်။ဥပမာ စာကျက်ရမယ် လို့ပြောချင်တဲ့ အခါမျိုးမှာ ပထမဦးဆုံးအနေနဲ့ BENKYÔ SHIMASU(ကျက်တယ်၊ ကျက်မယ်) ဆိုတဲ့ကြိယာကို NAI ပုံစံဖြစ်တဲ့ BENKYÔ SHINAI လို့ ပြောင်းရပါတယ်။ ပြီးရင် NAI နေရာမှာ NAKEREBA NARIMASEN ကိုအစားထိုးလိုက်ပြီး BENKYÔ SHINAKEREBA NARIMASEN လို့ပြောရပါတယ်။

မလုပ်လည်းရတယ်လို့ပြောချင်ရင် NAIပုံစံကြိယာမှာပါတဲ့ NAI နေရာမှာ NAKUTEMO II DESU အစားထိုးရပါတယ်။ ဒီတော့ စာကျက်စရာမလိုဘူး လို့ပြောတဲ့အခါမှာ BENKYÔ SHINAI (မကျက်ဘူး) မှာရှိတဲ့ NAI ကို NAKUTEMO II DESU လို့ပြောင်းလိုက်ပြီး BENKYÔ SHINAKUTEMO II DESU လို့ပြောရပါတယ်။ လူတိုင်း လေ့လာကျက်မှတ်ဖို့တော့ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။