သင်ပေးပါဆရာမ
နှိုင်းယှဉ်တာကို ဖော်ပြတဲ့အခါ NO HÔ GA နဲ့ YORI စကားလုံးတွေကိုသုံးပါတယ်။ (သင်ခန်းစာ 32)
ဂျပန်စကားမှာ နာမဝိသေသနတွေကို နှိုင်းယှဉ်တဲ့အခါ ပုံစံပြောင်းသုံးတာမရှိပါဘူး။ ဒီတော့ နာမဝိသေသနကို နှိုင်းယှဉ်ချင်တယ်ဆိုရင် YORI (ထက် ) နဲ့ NO HÔ GA (ပိုပြီး၊ ထက်) ဆိုတာကိုသုံးပြီး နှိုင်းယှဉ်ပါတယ်။ထိုင်းနိုင်ငံက ပုံမှန်အားဖြင့်တော့ ဂျပန်ထက် ပိုပူတယ်။ ဒီတော့ ထိုင်းဟာ ဂျပန်ထက် ပိုပူတယ်ဆိုတာကို ဂျပန်လိုပြောတဲ့အခါ ဘယ်လိုပြောလဲစဉ်းစား ကြည့်ရအောင်။ ထိုင်းနိုင်ငံဆိုတာက TAI ဂျပန်ဆိုတာက NIHON နာမဝိသေသနဖြစ်တဲ့ ပူသောဆိုတာကို ATSUI

နောက်တမျိုးအနေနဲ့ NOHGA(ပိုပြီး၊ထက်)ကိုလည်း သုံးနိုင်ပါတယ်။ဒီနေရာမှာ TAI နဲ့စပြီး NO HÔ GA ကိုပေါင်းထည့်ပြီးTAI NO HÔ GAလို့ပြောရပါမယ်။ အဲဒီနောက် NIHON ဆိုတာကို YORIပေါင်းထည့်လိုက်ပြီး NIHON YORI ဆိုတဲ့စကားလုံးတွေကို ပူသော ATSUIဆိုတဲ့စကားလုံးနဲ့တွဲလိုက်ရပါမယ်။ဒီတော့ ထိုင်းက ဂျပန်ထက် ပိုပူတယ်ဆိုတာကိုTAI NO HÔ GA NIHON YORI ATSUI DESU လို့ပြောပါတယ်။