သင်ပေးပါဆရာမ
လေးစားတဲ့သဘောကိုပြချင်ရင် O ဒါမှမဟုတ် GO (သင်ခန်းစာ 31)
နားထောင်နေတဲ့သူ ဒါမှမဟုတ် ကိုယ်နဲ့ စကားပြောနေတဲ့သူကို လေးစားတဲ့သဘောပြချင်တဲ့အခါ O ဒါမှာမဟုတ် GO ဆိုတာကို အဲဒီလူနဲ့သက်ဆိုင်တဲ့ နာမ် ဒါမှမဟုတ် နာမဝိသေသန ရဲ့ ရှေ့မှာ ထည့်ပြောရပါတယ်။ ဥပမာ SHIGOTO(အလုပ်) ဆိုတာက OSHIGOTO လို့ဖြစ်သွားပါတယ်။ GENKI (ကျန်းမာသော) OGENKIလို့ဖြစ်သွားတယ်။ ပြီးတော့ KAZOKU (မိသားစု) ဆိုတာက GOKAZOKU လို့ဖြစ်သွားပါတယ်။
နောက်တစ်ခုကတော့ တစ်ချို့ နာမ်တွေမှာ O ဒါမှမဟုတ် GO ကို လုံးဝမသုံးပါဘူး။ ဥပမာ KAMERA (ကင်မရာ)လိုမျိုးမွေးစား စကားလုံးတွေမှာ မသုံးရပါဘူး။
ဘယ်အခါမှာ O ကိုသုံးပြီး ဘယ်အခါမှာ GO ကိုသုံးတယ် ဆိုတာ ကိုသိချင်မှာပါ။ တရုတ်ဘာသာစကားက ဆင်းသက်လာတဲ့နာမ်တွေမှာ GOဆိုတာကို သုံးပြီးတော့ အခြားနာမ်တွေမှာတော့ O ကို သုံးပါတယ်။ ဒါပေမယ့် ဘယ်စကားလုံးတွေ တရုတ်ဘာသာစကားက ဆင်းသက်လာတယ် ဆိုတာ သိဖို့ခက်ခဲပါလိမ့်မယ်။ ဒီတော့Oဒါမှမဟုတ်GOတွဲရတဲ့ နာမ်တွေကို အသေအချာ ကျက်မှတ်ထားပါ။