NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > အညွှန်းနာမ်စား (သင်ခန်းစာ 3)

သင်ပေးပါဆရာမ

အညွှန်းနာမ်စား (သင်ခန်းစာ 3)

သက်ရှိသက်မဲ့၊ နေရာတွေကို ညွှန်ပြတဲ့အညွှန်းနာမ်စားတွေကို KO-SO-A-DO စကားလုံးတွေလို့ ခေါ်ပါတယ်။ KO-SO-A-DO စကားလုံးတွေ ဆိုတာဟာ အညွှန်းနာမ်စားတွေရဲ့ ထိပ်ဆုံးစာလုံးတွေကို ယူထားတာပါ။ KORE (ဒါ) KOKO (ဒီမှာ) နဲ့ KONO (ဒီ) တို့ဟာ KO အုပ်စုမှာ ပါပါတယ်။ နာမ်မတိုင်ခင် လာတဲ့ စကားလုံးတွေဖြစ်ပြီး ပြောသူနဲ့နီးတဲ့နေရာမှာ ရှိတဲ့ လူတွေ၊ နေရာတွေနဲ့ အရာဝတ္ထုတွေကို ရည်ညွှန်းပြောဆိုတဲ့ စကားလုံးတွေပါ။

SORE (အဲဒါ) SOKO (အဲဒီမှာ) နဲ့ SONO (အဲဒီ) တို့ဟာ SO အုပ်စုမှာ ပါပါတယ်။ နားထောင်သူနဲ့ပြောတဲ့သူက တစ်နေရာတည်းမှာ ရှိတယ်ဆိုရင် သူတို့နဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာရှိတဲ့ လူတွေ၊ နေရာတွေနဲ အရာဝတ္ထုတွေကို ရည်ညွှန်းပြောတဲ့ စကားလုံးတွေပါ။
ARE (ဟိုဟာ) ASOKO (ဟိုမှာ) နဲ့ ANO (ဟို) တို့ကတော့ A အုပ်စုမှာ ပါပါတယ်။ ဒီစကားလုံးတွေဟာ ပြောသူနဲ့ နားထောင်သူ ၂ဦးစလုံးနဲ့အတော် လေးဝေးတဲ့ အကွာအဝေးမှာရှိတဲ့ လူတွေ၊ နေရာတွေနဲ့ အရာဝတ္ထုတွေကို ရည်ညွှန်းပါတယ်။

DORE (ဘယ်ဟာ) DOKO (ဘယ်မှာ) နဲ့ DONO (ဘယ်) ကတော့ DO အုပ်စုမှာ ပါပါတယ်။ အရပ်မျက်နှာကို ညွှန်ပြတဲ့အခါမှာ KOCHIRA (ဒီဘက်) SOCHIRA (အဲဒီဘက်) ACHIRA (ဟိုဘက်) နဲ့ DOCHIRA (ဘယ်ဘက်လဲ) ဆိုတဲ့ စကားလုံးတွေကို သုံးပါတယ်။ KO-SO-A-DO စကားလုံးတွေဟာ အသုံးများတဲ့အတွက် သိပ်ကိုအရေးပါတဲ့စကားလုံးတွေပါ။
NHK website ကနေထွက်ပါမယ်။