သင်ပေးပါဆရာမ
N DA -တခုခုကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ ထည့်ပြော ရပါတယ်။ (သင်ခန်းစာ 29)
N DAရဲ့အခြေခံပုံစံကNO DAပါ။အခြေအနေဘယ်လိုဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ NO DA ကိုထည့်ပြောရပါတယ်။သာမန်ပြောနေကျ စကားတွေမှာ N DA ကိုသုံးပြီး ပိုပြီးယဥ်ကျေးအောင်ပြောရင် N DESU လို့ပြောပါတယ်။NO DAရဲ့ရှေ့မှာ MASUပုံစံကြိယာကို သုံးလို့မရပါဘူး။TA ပုံစံကြိယာ ဒါမှမဟုတ် အဘိဓာန်ပုံစံ ကြိယာတွေလိုမျိုး အခြေခံပုံစံကြိယာကိုပဲ သုံးရပါတယ်။တိမ်ပုံစံကိုကြည့်ပြီး မိုးရွာမယ်ဆိုတာကို ဂျပန်လို ဘယ်လိုရှင်းပြမလဲ ဆိုတာ လေ့လာကြရအောင်။

NO DA ရဲ့ရှေ့မှာ နာမ် ဒါမှမဟုတ် NA နာမဝိသေသန ရှိမယ်ဆိုရင်တော့ NANO DA လို့ဖြစ်သွားပါတယ်။ N DA ကတော့ NAN DA ဖြစ်သွားပါမယ်။ အလုပ် လို့အဓိပ္ပာယ်ရတဲ့ SHIGOTO ဆိုတာက အကြောင်းပြချက်ဖြစ်မယ်ဆိုရင် SHIGOTO NAN DA လို့ပြောရပါမယ်။ ယဉ်ကျေးတဲ့ပုံစံနဲ့ဆိုရင်တော့ SHIGOTO NAN DESU လို့ပြောရပါတယ်။