NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > လတစ်လမှာရှိတဲ့ရက်တွေကို ဘယ်လိုပြောသလဲ။ (သင်ခန်းစာ 27)

သင်ပေးပါဆရာမ

လတစ်လမှာရှိတဲ့ရက်တွေကို ဘယ်လိုပြောသလဲ။ (သင်ခန်းစာ 27)

ဂျပန်လို လတစ်လရဲ့ပထမဦးဆုံးရက်ဖြစ်တဲ့ ၁ ရက်နေ့ကိုTSUITACHI လို့ခေါ်ပါတယ်။ မူရင်းအဓိပ္ပါယ် လစထွက်တဲ့နေ့ပါ။ ၂ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အပြောလေ့ကျင့်ကြည့်ရအောင်။
ဒုတိယနေ့(၂ရက်နေ့)ကို FUTSUKA,တတိယနေ့(၃ရက်နေ့)ကို MIKKA.
စတုထ္တနေ့(၄ရက်နေ့)ကို YOKKA, ပဉ္စမနေ့(၅ရက်နေ့)ကို ITSUKA,
ဆဌမ​နေ့(၆ရက်နေ့)ကို MUIKA, သတ္တမနေ့(၇ရက်နေ့)ကို NANOKA,
အဌမနေ့(ဂရက်နေ့)ကို YÔKA, နဝမနေ့(၉ရက်နေ့)ကို KOKONOKA,
ဒဿမနေ့(၁၀ရက်နေ့)ကို TÔKA.. လို့ပြောပါတယ်။
သင်ခန်းစာ ၇မှာ ရှင်းပြခဲ့တဲ့အတိုင်းဂျပန်မှာ ဟို​ရှေးကတည်းက​နေ့ရက်ရေတွက်တဲ့နည်းအတိုင်း သုံးထားတာဖြစ်ပါတယ်။

၁၁ ရက်နေ့ကနေ လကုန်တဲ့​​နေ့အထိကို​တော့ကိန်းဂဏန်းနဲ့ NICHI ဆိုတာကို တွဲပြီး ဥပမာ ၁၁ ရက်နေ့ဆိုရင် JÛICHINICHI လို့ပြောပါတယ်။

ခြွင်းချက်အနေနဲ့မှတ်ထားရမယ့်ရက် ၃ရက်ရှိပါတယ်။ အဲဒါတွေက ၁၄ ရက်နေ့ဆိုရင် JÛYOKKA. ၂၀ ရက်နေ့ဆိုရင် HATSUKA နဲ့ ၂၄ ရက်နေ့ဆိုရင် NIJÛYOKKAတို့ဖြစ်ပါတယ်။

သင်ကြားရေးအထောက်အကူပြုပစ္စည်းစာမျက်နှာကိုသွားပါ။
NHK website ကနေထွက်ပါမယ်။