NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ သဏ္ဍာန်ပြောင်းထားတဲ့ ကြိယာများ (သင်ခန်းစာ 26)

သင်ပေးပါဆရာမ

ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ သဏ္ဍာန်ပြောင်းထားတဲ့ ကြိယာများ (သင်ခန်းစာ 26)

GANBARÔ ကြိုးစားကြစို့ ဆိုတာက ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ သဏ္ဍာန်ပြောင်းထားတဲ့ ကြိယာပါ။ ပြောသူရဲ့ ဆန္ဒကိုဖော်ပြတဲ့အခါသုံးပါတယ်။
နားထောင်နေတဲ့သူကို အတူတကွ တစ်ခုခုလုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ အခါမျိုးမှာ လည်း ဒီပုံစံကိုသုံးပါတယ်။ ကိုယ့်အထက်လူကြီးတွေကိုတော့ ဒီပုံစံကို မသုံးရပါဘူး။ MASU ပုံစံကြိယာတွေ ကနေ ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ ပုံစံကြိယာ ဖြစ်အောင် ဘယ်လိုပြောင်းရတယ်ဆိုတာ ရှင်းပြပါမယ်။ ပထမတစ်နည်းက MASUမတိုင်ခင် သရသံ E ရှိတယ်ဆိုရင် MASU ကို YÔ လို့ပြောင်းရပါတယ်။ ဥပမာ TABEMASU စားတယ်၊စားမယ် ဆိုတာက TABEYÔ စားကြစို့ လို့ဖြစ်သွားတယ်။

ဒုတိယတစ်နည်းကတော့ MASU မတိုင်ခင် သရ I နဲ့ဆုံးတဲ့ စကားလုံးမှာ ပြောင်းတဲ့ ပုံစံ ၂ မျိုးရှိတယ်။ ပထမပုံစံက MASU ကို YÔ လို့ပြောင်းလိုက်တာပါ။ OKIMASU ထတယ်၊ထမယ် ဆိုတာက OKIYÔ ထစို့ လို့ဖြစ်သွားပါတယ်။
SHIMASU လုပ်တယ်၊လုပ်မယ် ဆိုတာက SHIYÔ လုပ်စို့လို့ ဖြစ်သွားပါတယ်။နောက်ပုံစံတစ်ခုကတော့ MASU မတိုင်ခင် သရ I နဲ့ဆုံးတဲ့ စကားလုံးမှာ MASU ဆိုတာကိုဖြုတ်ပစ်လိုက်ပြီးသရသံ I ကိုသရသံ O လို့ပြောင်းလိုက်ပြီးတော့ U ကိုပေါင်းထည့်လိုက်တာပါ။ ဥပမာ GANBARIMASU ကြိုးစားမယ် ဆိုတဲ့စကားလုံးက
GA-N-BA-RO-U လို့ရေးပြီးတော့ GANBARÔ လို့အသံထွက်ပါတယ်။ ကြိုးစားကြစို့ လို့ဖြစ်သွားတယ်။
KIMASU လာတယ်၊လာမယ် ဆိုတာကတော့ ချွင်းချက်ပေါ့။ KOYÔ လို့ဖြစ်သွားပါတယ်။
သင်ကြားရေးအထောက်ကူပြု ပစ္စည်းများ စာမျက်နှာဆီကို သွားရောက် လေ့လာပါ။
NHK website ကနေထွက်ပါမယ်။