သင်ပေးပါဆရာမ
NAI- ကြိယာ ပုံစံ + DE KUDASAI (သင်ခန်းစာ 24)
တစ်ယောက်ယောက်ကို တစ်ခုခုကို မလုပ်ပါနဲ့လို့ ပြောချင်ရင် DE KUDASAI ဆိုတာကို NAI ပုံစံကြိယာနဲ့တွဲပြီး DE KUDASAIကျေးဇူးပြုပြီးမသုံးပါနဲ့လို့ ပြောလိုရပါတယ်။ ဥပမာ-ကျေးဇူးပြုပြီးမသွားပါနဲ့လို့ပြောမယ်ဆိုရင် IKIMASU (သွားတယ်၊သွားမယ် ) ဆိုတာရဲ့ NAI ပုံစံကြိယာက IKANAI ပါ။ အဲဒါကို DE KUDASAI ပေါင်းထည့်လိုက်ပြီး IKANAI DE KUDASAI ကျေးဇူးပြုပြီးမသွားပါနဲ့ လို့ပြောလို့ရပါတယ်။

ဥပမာ မသွားရဘူးဆိုတာကို ITTE WA IKEMASEN. လို့ပြောပါတယ်။
TE WA IKEMASEN ဆိုတာကို ကလေးတွေကို တစ်ခုခုမလုပ်ဖို့ မိဘတွေက သင်ကြားတဲ့အခါ ဒါမှမဟုတ် ကြီးတဲ့သူတွေက ငယ်တဲ့သူတွေကို ဆူပူကြိမ်းမောင်းတဲ့ အခါမျိုးမှာ သုံးတာပါ။ ဂျပန်လူမျိုးတွေက တခြားသူတွေကို စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးဖြစ်မယ့် စီးပိုးတာမျိုး တွေကိုရှောင်ကြတယ်။ ဒီတော့ ဂျပန်လူမျိုးတွေ ကနေ့စဉ်သုံးစွဲနေတဲ့ စကားတွေထဲမှာ NAI DE KUDASAI ဆိုတာကို ထည့်သုံးကြ တာများ ပါတယ်။
လူတွကို တစ်ခုခုကိုမလုပ်ပါနဲ့ဆိုတာကို ပြင်းပြင်းထန်ထန်တားမြစ်ပြီး ပြောတဲ့စကားလုံးက DAME DESU မရဘူး၊မလုပ်ရဘူးဖြစ်ပါတယ်။အခု သင်ခန်းစာ စကားပြောထဲမှာပါ ပါတယ်။
အခြားလူတွေရဲ့ ခံစားချက်ကို နာကျင်ထိခိုက်မှုမရှိစေပဲ ငြင်းချင်တဲ့အခါ SORE WA CHOTTO ဒါကတော...နည်းနည်း မဖြစ်နိုင်ဘူးလို့ပြောနိုင်ပါတယ်။ စမ်းပြောကြည့်ပါ။