NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ပြုလုပ်ခြင်းခံရတယ်ဆိုတာကို ဖော်ပြတဲ့ပုံစံ (သင်ခန်းစာ 23)

သင်ပေးပါဆရာမ

ပြုလုပ်ခြင်းခံရတယ်ဆိုတာကို ဖော်ပြတဲ့ပုံစံ (သင်ခန်းစာ 23)

ခံရတဲ့သူဘက်ကနေပြောချင်ရင် အပြုခံပုံစံကိုသုံးပါတယ်။ MASU ပုံစံကြိယာကို အပြုခံကြိယာပုံစံပြောင်းပြီးတော့ NI ဆိုတဲ့ ဝိဘတ်ကိုပေါင်းထည့်ပြီး ပြုလုပ်တဲ့သူက ဘယ်သူဆိုတာ ဖော်ပြပါတယ်။
ဆက်ပြီး MASU ပုံစံကြိယာတွေကို အပြုခံကြိယာပုံစံ ဘယ်လိုပြောင်းတယ် ဆိုတာ လေ့လာပါမယ်။ ပထမအမျိုးအစားက MASU ရဲ့အရှေ့မှာ E သရသံရှိတဲ့ကြိယာဆိုရင် MASU ရှေ့မှာ RARE ကိုထည့်ပါ။ ဒါဆိုရင် TABEMASU စားတယ်၊စားမယ် ဆိုတာက TABERAREMASU အစားခံရတယ်၊အစားခံရမယ် လို့ ဖြစ်သွားပါတယ်။
ဒုတိယအမျိုးအစားကတော့ MASU ရဲ့အရှေ့မှာ I သရသံရှိတဲ့ ကြိယာတွေအကြောင်းပါ။ အဲဒီကြိယာတွေအတွက်တော့ နည်း ၂ နည်းရှိပါတယ်။ ပထမနည်းက သရသံ I ကို သရသံ A ကိုပြောင်းပါ။ ပြီးရင် A နောက်မှာ REထည့်ပြီး MASU ကိုထည့်ပါ။
ဥပမာ ဆူတယ်၊ဆူမယ် ဆိုတဲ့SHIKARIMASU ကြိယာမှာ MASU ရှေ့မှာရှိတဲ့ RI ကို RA လို့ပြောင်းပြီးသူ့နောက်မှာ RE ကိုထည့်ပါ။ ဒါဆိုရင် SHIKARAREMASU အဆူခံရတယ်၊ အဆူခံရမယ် လို့ဖြစ်သွားပါတယ်။ SHIMASU ပြုလုပ်တယ်၊ပြုလုပ်မယ် ဆိုတာက SAREMASU ပြုလုပ်ခံရတယ်၊ ပြုလုပ်ခံရမယ် လို့ဖြစ်သွားတာပါ။ နောက်တစ်ခြားနည်းကတော့ MASU မတိုင်ခင် RARE ကို ထည့်ပြောတာပါ။ ဒီတော့ MIMASU ကြည့်တယ်၊ကြည့်မယ် က MIRAREMASU အကြည့်ခံရတယ်၊ အကြည့်ခံရမယ် လို့ ဖြစ်သွားပါတယ်။
တစ်ချို့ ကြိယာတွေက ပုံမှန်မဟုတ်တဲ့သဏ္ဍာန် ပြောင်းတာတွေ ရှိပါတယ်။ KIMASU လာတယ်၊လာမယ် က KORAREMASU လာသွားတယ် လာလည်သွားတယ် လို့ ဖြစ်သွားပါတယ်။
အဲဒါကို အလွတ်ကျက်မှတ်ထားရပါမယ်။
သင်ကြားရေးအထောက်ကူပြု ပစ္စည်းများ စာမျက်နှာဆီကိုသွားရောက်လေ့လာပါ။
NHK website ကနေထွက်ပါမယ်။