NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TA ပုံစံကြိယာ + KOTO GA ARIMASU, (သင်ခန်းစာ 20)

သင်ပေးပါဆရာမ

TA ပုံစံကြိယာ + KOTO GA ARIMASU, (သင်ခန်းစာ 20)

TA ပုံစံကြိယာတွေက အတိတ် ဒါမှမဟုတ် ပြီးသွားတဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပါတယ်။
TA ပုံစံကြိယာနဲ့ KOTO GA ARIMASU ကိုတွဲပေးပြီး အရင်က လုပ်ခဲ့ဖူးတာ၊ အတွေ့အကြုံ ရှိခဲ့တာကို ပြောနိုင်ပါတယ်။ ဥပမာ
UTAIMASU ဆိုတာ(သီချင်းဆိုတယ်၊ သီချင်းဆိုမယ် ) UTATTA KOTO GA ARIMASU ဆိုရင်တော့ သီချင်းဆိုဖူးတယ်လို့ ပြောလို့ ရပါတယ်။ ဒါကို အငြင်းဝါကျလုပ်မယ်ဆိုရင် ARIMASU ဆိုတာကို ARIMASEN လို့ ပြောင်းပြောရမယ်။ ဒီတော့ UTATTA KOTO GA ARIMASU, (သီချင်းဆိုဖူးတယ်) ဆိုတာရဲ့ အငြင်းဝါကျပုံစံက UTATTA KOTO GA ARIMASEN (သီချင်းမဆိုဖူးဘူး)လို့ဖြစ်သွားပါတယ်။

ဒီနေရာမှာ သတိထားစရာ တစ်ခုရှိပါတယ်။ အတွေ့အကြုံရှိတယ်ဆိုတာကို ဖော်ပြတဲ့ TA ပုံစံကြိယာ တွေနဲ့ KOTO GA ARIMASU ဆိုတာကို တွဲထားတဲ့ အသုံးအနှုန်းကို KINÔ( မနေ့က ) SENSHÛ, (ပြီးခဲ့တဲ့အပတ်က) ဆိုတဲ့ မကြာသေးခင်က အချိန်ကို ဖော်ပြတဲ့ စကားလုံးတွေနဲ့ သုံးလို့မရဘူး။ အဲဒီစကားလုံးတွေပါရင် အတိတ်ကာလပုံစံ ကြိယာတွေကိုပဲ သုံးရမယ်။

ဥပမာ ဖူဂျီတောင်ကို မြင်ဖူးသလား လို့ တစ်ယောက်ယောက်က မေးတယ်ဆိုပါစို့။ ကိုယ်က ပြီးခဲ့တဲ့အပတ်က မြင်ခဲ့တာဆိုရင် SENSHÛ MITAKOTO GA ARIMASU, လို့ ပြောလို့ မရဘူး။ အဲလိုပြောလိုက်ရင်(ပြီးခဲ့တဲ့အပတ်ကမြင်ဖူးတယ်) ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်။ ဒါကြောင့် MIMASU, ( မြင်တယ်။ တွေ့တယ်)ရဲ့ အတိတ်ကာလပုံစံ MIMASHITA, ( မြင်ခဲ့တယ်။ တွေ့ခဲ့တယ်) ကိုသုံးပြီး ။ SENSHÛ MIMASHITA,(ပြီးခဲ့တဲ့အပတ်ကတွေ့ခဲ့တယ်). လို့ပြောရမယ်။
NHK website ကနေထွက်ပါမယ်။