NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > နာမဝိသေသန + SÔ (သင်ခန်းစာ 17)

သင်ပေးပါဆရာမ

နာမဝိသေသန + SÔ (သင်ခန်းစာ 17)

OMOSHIROSÔ ဆိုတာကကြည့်ရတာ စိတ်ဝင်စားဘို့ ကောင်းမယ့်ပုံဘဲ လို့ ပြောတာပါ။ နာမဝိသေသန နောက်ကနေ SÔ ကိုထည့်လိုက်ရင် တစ်ခုခုကို ကြည့်ပြီး ခန့်မှန်း ဆုံးဖြတ်တဲ့ အခါသုံးတဲ့ စကားလုံးပါ။ တစ်ခုခုကို နားထောင်ပြီးတော့ ဒါမှမဟုတ် ကြည့်ပြီးတော့ ကိုယ့်အမြင်ကို ပြောတဲ့နေရာမှာလည်းသုံးပါတယ်။
သင်ခန်းစာ ၁၃ မှာ ဂျပန်စကားမှာ နာမဝိသေသန အမျိုးအစား ၂ မျိုးရှိတယ်လို့ပြောခဲ့ပါတယ်။ တစ်မျိုးက I နာမဝိသေသန လို့ခေါ်ပါတယ်။ အဲဒါတွေက I နဲ့ ဆုံးတJh OMOSHIROI (စိတ်ဝင်စားစရာကောင်းသော၊ စိတ်ဝင်စားသော) နဲ့ ISOGASHII (အလုပ်များသော)ဆိုတာမျိုး တွေဖြစ်ပါတယ်။ နောက် နာမဝိသေသနတစ်မျိုးက NA နာမဝိသေသနပါ။ NAကို အထူးပြုတဲ့နာမ်တွေရဲ့ ရှေ့မှာ ထားလေ့ရှိပါတယ်။ HIMA (အားလပ်သော၊လုပ်စရာမရှိသော)ဆိုတဲ့ စကားလုံးဟာလည်း NA နာမဝိသေသန ထဲမှာ ပါပါတယ်။

မှန်းဆချက်တွေကို ဖော်ပြဖို့ SÔ ဆိုတာကို ထည့်တဲ့အခါ I ကိုဖြုတ်ပြီး SÔ ကိုထည့်ပါ။
ဥပမာ ISOGASHII (အလုပ်များသော ) ဆိုတာက ISOGASHISÔ (အလုပ်များနေပုံရသော) ဖြစ်သွားပါတယ်။

NA နာမဝိသသေနအတွက်ဆိုရင် SÔ ဆိုတာကို ထည့်ချင်တဲ့အခါ အဲဒီနာမဝိသသေနမှာ SÔ ကို ပေါင်းထည့်လိုက်ရုံပါပဲ။
ဥပမာ HIMA (အားသော ) ဆိုတာက HIMASÔ (အားနေပုံရသော၊ ဘာမှလုပ်စရာမရှိပုံမရသော ) ဖြစ်သွားပါတယ်။
SÔ ဆိုတာကို သုံးပြီး ငြင်းတဲ့ပုံစံနဲ့ ပြောချင်ရင် ဘယ်လိုပြောင်း ပြောမလဲဆိုတာကို ရှင်းပြပါမယ်။ နာမဝိသေသနမှာ I ကို အငြင်းပုံစံနဲ့ မှန်း ဆချက်ကို ပြောချင်ရင် KU NASASÔ (အလုပ်များပုံမရသော). လို့ဖြစ်သွားမယ်။

NA နာမဝိသေသန အတွက် ဆိုရင်တော့ နာမဝိသေသန တွေရဲ့နောက်မှာ DEWA NASASÔ ဆိုတာကို ထည့်ပါ။ ဥပမာ - HIMA အားသော ဆိုတာက HIMA DEWA NASASÔ အား နေပုံမရသော လို့ဖြစ်သွားတာပေါ့။
NHK website ကနေထွက်ပါမယ်။