သင်ပေးပါဆရာမ
နာမဝိသေသန တွေ ရဲ့ အငြင်းပုံစံ (သင်ခန်းစာ 15)
သင်ခန်းစာ ၁၃ မှာတုန်းက I- နာမဝိသေသနနဲ့ NA-နာမဝိသေသနဆိုပြီး နာမဝိသေသန ၂ မျိုးရှိတယ်လို့ လေ့လာခဲ့ တယ်။ ATARASHII(သစ်သော)ဆိုတာက I နဲ့ဆုံးတဲ့ I- နာမဝိသေသနပါ။ NA-နဲ့ဆုံးတဲ့ နာမဝိသေသနတွေကတော့သူတို့အထူးပြုမယ့်နာမ် တွေရဲ့ရှေ့မှာ NA-ကိုထည့်တဲ့နာမဝိသေသနတွေပါ။ ဒီတော့ ဒီနေ့သင်ခန်းစာမှာ လေ့လာခဲ့တဲ့ DAIJÔBU အဆင်ပြေသော ဆိုတာကို နာမ်တွေရှေ့မှာ ထားသုံးမယ်ဆိုရင် DAIJÔBUNA လို့ ဖြစ်သွားပါတယ်။

ပေါ့ပေါ့ပါးပါးပုံစံနဲ့ သုံးချင်ရင် DEWANAI အစား JANAIကိုသုံးပါ။ DAIJÔBU JANAI. ဖြစ်သွားပါမယ်။
လေ့လာသင်ကြားရေးအထောက်အကူပြုပစ္စည်းများ စာမျက်နှာကိုကြည့်ပါ။