NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 7

သင်ခန်းစာ 7

အီကလဲမုန့် ရှိပါသလား။

အန်းနာဟာ ဆာ့ခူရာနဲ့အတူ ကိတ်မုန့်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့ပါတယ်။

သင်ခန်းစာ 7 ၁ဝ မိနစ်

အဓိက စကားပြောများ

SHÛKURÎMU WA ARIMASU KA

သင်ခန်းစာ စာမူများ

アンナ ケーキがいっぱいありますね。 ကိတ်မုန့်တွေ အများကြီး ရှိတယ်နော်။
အန်းနာ KÊKI GA IPPAI ARIMASU NE.
ကိတ်မုန့်တွေ အများကြီး ရှိတယ်နော်။
さくら すみません、シュークリームはありますか。 တဆိတ်လောက် ... အီကလဲမုန့်ရှိပါသလား။
ဆာ့ခူရာ SUMIMASEN, SHÛKURÎMU WA ARIMASU KA.
တဆိတ်လောက် ... အီကလဲမုန့်ရှိပါသလား။
店員 はい、こちらです。 ဟုတ်ကဲ့။ ဒီဘက်မှာပါ။
အရောင်းဝန်ထမ်း HAI, KOCHIRA DESU.
ဟုတ်ကဲ့။ ဒီဘက်မှာပါ။
さくら シュークリームを2つください。 အီကလဲမုန့် ၂ ခုပေးပါ။
ဆာ့ခူရာ SHÛKURÎMU O FUTATSU KUDASAI.
အီကလဲမုန့် ၂ ခုပေးပါ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

TSU ဆိုတာ ရေတွက်တဲ့အခါ ထည့်ရတဲ့စကားလုံးပါ။

၁ ကနေ 10 ၁ဝ အထိကိန်းဂဏန်းတွေရဲ့နောက်မှာ အရေအတွက်ကို ဖော်ပြတဲ့စကားလုံး TSU ပါလာတဲ့အခါ ဖတ်တဲ့ပုံစံပြောင်းသွားတယ်။
-လေ့လာသင်ကြားရေး အထောက်အကူပစ္စည်းများ- စာမျက်နှာကို ကျေးဇူးပြုပြီးသွားရောက်လေ့လာပါ။

သင်ပေးပါဆရာမ

ARIMASU (ရှိတယ်၊ ရှိမယ်) ဆိုတဲ့ ကြိယာကို ဘယ်လိုမျိုးသုံး နိုင်သလဲလေ့လာပါမယ်
ARIMASU (ရှိတယ်၊ ရှိမယ်) ဆိုတာက လူတွေ၊ အရာဝတ္တုတွေရဲ့ တည်ရှိမှုကို ဖော်ပြတဲ့ ကြိယာ ARIMASU နဲ့ ကတ္တားဝိဘတ် GA ကို တွဲသုံးလေ့ရှိပါတယ်။

အိုနိုမာတိုပဲ

စားခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

KUDASAI ဆိုတာ သိပ်ကို အသုံးဝင်တဲ့ စကားရပ်ပါ။ ပစ္စည်းဝယ်ချင်တဲ့အခါ အဲဒီပစ္စည်းကို ညွှန်ပြလိုက်ပြီး KORE O KUDASAI ဒါကိုပေးပါ လို့ပြောလို့ရတယ်။ အဲဒီပစ္စည်းရဲ့ နာမည်ကိုမသိရင်တောင်မှ အဲဒီလိုပြောပြီးဝယ်လို့ရတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။