NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 6

သင်ခန်းစာ 6

ဖုန်းနံပါတ် ဘယ်လောက်လဲ။

အန်းနာနဲ့ဆာ့ခူရာဟာအန်းနာရဲ့အခန်း ထဲမှာစကားပြောနေပါတယ်။
ဆာ့ခူရာကအန်းနာရဲ့ဖုန်းနံပါတ် ကိုမေးပါတယ်။

သင်ခန်းစာ 6 ၁ဝ မိနစ်

အဓိက စကားပြောများ

DENWABANGÔ WA NANBAN DESU KA

သင်ခန်းစာ စာမူများ

さくら ところでアンナさん。
電話番号は何番ですか。
ဒါနဲ့စကားမစပ် အန်းနာရေ . . . ဖုန်းနံပါတ် ဘယ်လောက်လဲ။
ဆာ့ခူရာ TOKORODE ANNA-SAN. DENWABANGÔ WA NANBAN DESU KA.
ဒါနဲ့စကားမစပ် အန်းနာရေ . . . ဖုန်းနံပါတ် ဘယ်လောက်လဲ။
アンナ ええと。080-1234-・・・。 အင် 080 – 1234 – ….
အန်းနာ ÊTO. REI HACHI REI – ICHI NI SAN YON – ...
အင် 080 – 1234 – ….
さくら ありがとう。
じゃ、今度、電話をしますね。
ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်နောက် မှဖုန်းဆက်လိုက်မ ယ်နော်။
ဆာ့ခူရာ ARIGATÔ. JA, KONDO, DENWA O SHIMASU NE.
ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်နောက် မှဖုန်းဆက်လိုက်မ ယ်နော်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

နံပါတ်

သုညကနေတစ်ဆယ်အ ထိသင်ယူရအောင်။
-လေ့လာသင်ကြားရေး အထောက်အကူပစ္စည်းများ- စာမျက်နှာကို ကျေးဇူးပြုပြီးသွားရောက်လေ့လာပါ။

  O SHIMASU

SHIMASU ဆိုတာက လုပ်တယ်လုပ်မယ် လို့အဓိပ္ပါယ်ရတဲ့ ကြိယာပါ။ နာမ်တွေနဲ့တွဲသုံးပြီး၊ လုပ်ဆောင်မှုအမျိုးမျိုးကိုဖေါ်ပြဖို့သုံး
နိုင်ပါတယ်။
ဥပမာ-
BENKYÔ (လေ့လာသင်ယူမှု) နဲ့  O  SHIMASU ကိုတွဲလိုက်ပြီး BENKYÔ O SHIMASU (သင်ယူမယ်၊သင်ယူတယ်) လို့ ပြောနိုင်ပါတယ်။
RYÔRI (အချက်အပြုတ်) နဲ့ O  SHIMASU ကိုတွဲပြီး  RYÔRI  O  SHIMASU (ချက်ပြုတ်တယ်၊ချက်ပြုတ်မယ်) လို့ပြောနိုင်ပါတယ်။ 

သင်ပေးပါဆရာမ

ဘယ်လိုအချိန်မှာ HA လို့ရေးပြီး WA လို့အသံထွက်ဖတ်ပါသလဲ။
ရှေးရှေးတုန်းကတော့ ကတ္တားပြဝိဘတ် WA ကိုရေးတဲ့အခါလည်း HA လို့ပဲရေးပြီး HA လို့ပဲ အသံထွက်ပါတယ်။ အဲဒီနောက် တဖြည်းဖြည်း အသံထွက်က WA လို့ပြောင်းသွားပါတယ်။ ဒါပေမယ့် အရင်အတိုင်း HA လို့ပဲဆက်ရေးပါတယ်။ မင်္ဂလာနေ့လယ်ခင်းပါ လို့ အဓိပ္ပာယ်ရတဲ့ KONNICHIWA ဆိုတဲ့ စကားလုံးထဲက WA က WA လို့အသံထွက်ပါတယ်။ ဒါပေမယ့် HA လို့ရေးပါတယ်။

အိုနိုမာတိုပဲ

ဖုန်း (တယ်လီဖုန်း)
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဖုန်းလာတဲ့အခါ MOSHI MOSHI လို့ထူးရမယ်။ ပြီးရင် ကိုယ့်နာမည်ကိုပြောရမယ်တဲ့။ HAI, MOSHI MOSHI, ANNA DESU. လို့ တစ်ခါလောက်ပြောကြည့်ချင်လိုက်တာ။ တစ်ယောက်ယောက်က ဖုန်းခေါ်ရင်ကောင်းမှာပဲ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။