NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 46

သင်ခန်းစာ 46

ကိုယ်နိုင်ငံကိုမပြန်ခင်မှာ နှင်းတွေမြင်လိုက်ရတာ ကျွန်မပျော်တယ်။

အန်းနာရဲ့ မွေးနေ့ပွဲပြီးသွားတော့ အန်းနာရဲ့အဆောင်ထိ ပြန်ပို့ဖို့အတွက် ခန်းတက အန်းနာကို ကမ်းလှမ်းခဲ့ပါတယ်။ သူတို့ ၂ ယောက်အပြင်ထွက် လိုက်တော့ ညကောင်းကင်ယံမှာ နှင်းတွေစကျလာပါတော့တယ်။

သင်ခန်းစာ 46 ၁ဝ မိနစ်

အဓိက စကားပြောများ

KIKOKU SURU MAE NI, YUKI O MIRU KOTO GA DEKITE SHIAWASE DESU

သင်ခန်းစာ စာမူများ

アンナ もしかして、雪? မဟုတ်မှလွဲရော နှင်းတွေလား။
အန်းနာ MOSHIKASHITE, YUKI?
မဟုတ်မှလွဲရော နှင်းတွေလား။
健太 これは、粉雪。
粉のようにさらさらしているでしょ。
ဒါက နှင်းမှုန်လေးတွေပေါ့။
အမှုန်လေးတွေလို ပေါ့ပေါ့လေးနဲ့ မွမွလေးဖြစ်နေတယ် မဟုတ်လား။
ခဲန်းတာ KORE WA, KONAYUKI.
KONA NO YÔ NI SARASARA SHITEIRU DESHO.
ဒါက နှင်းမှုန်လေးတွေပေါ့။ အမှုန်လေးတွေလို ပေါ့ပေါ့လေးနဲ့ မွမွလေးဖြစ်နေတယ် မဟုတ်လား။
アンナ 帰国する前に、雪を見ることができて幸せです。 ကိုယ့်နိုင်ငံကိုမပြန်ခင်မှာ နှင်းတွေမြင်လိုက် ရတာပျော်တယ်။
အန်းနာ KIKOKU SURU MAE NI, YUKI O MIRU KOTO GA DEKITE SHIAWASE DESU.
ကိုယ့်နိုင်ငံကိုမပြန်ခင်မှာ နှင်းတွေမြင်လိုက် ရတာပျော်တယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  NO YÔ NI

NO YÔNI ဆိုတာက (သကဲ့သို့၊ လိုမျိုး) လို့အဓိပ္ပာယ်ရပါတယ်။       ဥပမာ- KONA NO YÔNI ဆိုတာက(အမှုန်လေးတွေလိုမျိုး).

သင်ပေးပါဆရာမ

အဘိဓာန်ပုံစံကြိယာ + MAE NI
MAE NI (မတိုင်ခင်) ဆိုတာကိုတစ်စုံ တစ်ရာမဖြစ်ခင် မလုပ်ခင်မှာ အခြားတစ်ခုခုကိုလုပ်တယ်ဆိုတာကို အလေးပေးဖော်ပြဖို့ သုံးပါတယ်။ MAE NI (မတိုင်ခင်) ရဲ့ရှေ့ကကြိယာက အဘိဓာန်ပုံစံဖြစ်ရပါမယ်။

အိုနိုမာတိုပဲ

နှင်းကျခြင်း။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

နှင်းမှုန်လေးတွေကို KONAYUKI လို့ခေါ်ပါတယ်။ ရေပါတာများတဲ့နှင်းကို တော့ BOTANYUKI လို့ခေါ်ပါတယ်ဲ။ BOTAN ဆိုတာက ပန်းနာမည်ပါ။ နှင်းလုံးတွေက BOTANပန်းရဲ့ပွင့်ဖတ်ဖြူဖြူတွေလို ဖြစ်နေလို့ လူတွေက အဲဒီလိုခေါ်ကြပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။