သင်ခန်းစာ 35
အကြွေးဝယ်ကတ်သုံးလို့ရပါသလား။
ဆူရှီကို စက်ခါးပတ်ပေါ်တင်ပြီး မှ ဧည့်သည်ရဲ့ ရှေ့အရောက်ပို့ ပေးတဲ့ဆိုင်မှာ အန်းနာဟာ ခဲန်းတာနဲ့အတူ လတ်ဆတ်တဲ့ဆူရှီကို စားခဲ့ပါတယ်။
အဓိက စကားပြောများ
KUREJITTO KÂDO WA TSUKAEMASU KA
သင်ခန်းစာ စာမူများ
健太 | お勘定をお願いします。 | ကျေးဇူးပြုပြီး ကျသင့်ငွေတွက်ပေးပါ။
|
---|---|---|
ခဲန်းတာ | OKANJÔ O ONEGAI SHIMASU.
ကျေးဇူးပြုပြီး ကျသင့်ငွေတွက်ပေးပါ။
|
|
店員 | 全部で5200円です。 | စုစုပေါင်းယန်း ၅၂ဝဝ ကျပါတယ်။
|
ဆိုင်ဝန်ထမ်း | ZENBU DE GOSEN NIHYAKU EN DESU.
စုစုပေါင်းယန်း ၅၂ဝဝ ကျပါတယ်။
|
|
健太 | クレジットカードは使えますか。 | အကြွေးဝယ်ကတ်သုံး လို့ရပါသလား။
|
ခဲန်းတာ | KUREJITTO KÂDO WA TSUKAEMASU KA.
အကြွေးဝယ်ကတ်သုံး လို့ရပါသလား။
|
|
店員 | はい、使えます。 | ဟုတ်ကဲ့ ... သုံးလို့ရပါတယ်။
|
ဆိုင်ဝန်ထမ်း | HAI, TSUKAEMASU.
ဟုတ်ကဲ့ ... သုံးလို့ရပါတယ်။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
ကိန်းဂဏန်း နံပါတ်များ (၃)
နံပါတ်တွေကိုလေ့လာကြရအောင်။သင်ကြားရေး အထောက်အကူပြုပစ္စည်း စာမျက်နှာသို့သွားပါ။
သင်ပေးပါဆရာမ
လုပ်နိုင်တာ၊ လုပ်ခွင့်ရှိတာကိုဖော်ပြတဲ့ကြိယာပုံစံ
လုပ်နိုင်တာလုပ်ခွင့်ရှိတာကိုဖော်ပြတဲ့ကြိယာပုံစံမှာ အဓိပ္ပာယ် ၂ မျိုးရှိပါတယ်။ ပထမတစ်ခုက တစ်စုံတစ်ခုကိုလုပ်နိုင်တယ်ဆိုတာကို ဖော်ပြပါတယ်။
အိုနိုမာတိုပဲ
လျှပ်စစ်ပစ္စည်းတွေကထွက်လာတဲ့အသံများ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ခဲန်းတာ က ကျွန်မကို ဆူရှီလိုက်ကျွေးပါတယ်။ စားပြီးတဲ့အချိန်မှာ GOCHISÔSAMA DESHITA လို့ပြောတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို အစားအသောက်နဲ့ ဧည့်ခံ ကျွေးမွေးတဲ့အခါမှာလည်း GOCHISÔSAMA DESHITA လို့ကျေးဇူးတင်စကားပြောရပါတယ်။