သင်ခန်းစာ 30
နောက်ထပ် နည်းနည်း ဓါတ်ပုံရိုက်ချင် သေးတယ်။

အန်းနာဟာ ဆာ့ခူရာ နဲ့ ခဲန်းတာ တို့နဲ့အတူ ဖူဂျီတောင်ရဲ့ ရှုခင်းကို ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ မိုးစရွာ ပါတယ်။
အဓိက စကားပြောများ
MÔ SUKOSHI SHASHIN O TORITAI DESU
သင်ခန်းစာ စာမူများ
さくら | あ、雨だ。急いで帰りましょう。 | ဟာ ... မိုးရွာပြီ။ မြန်မြန်ပြန်ကြစို့။
|
---|---|---|
ဆာ့ခူရာ | A, AME DA. ISOIDE KAERIMASHÔ.
ဟာ ... မိုးရွာပြီ။ မြန်မြန်ပြန်ကြစို့။
|
|
アンナ | ちょっと待ってください。もう少し写真を撮りたいです。 | ကျေးဇူးပြုပြီးခဏစောင့်ပါဦး။ နောက်ထပ်နည်းန ည်းလောက် ဓာတ်ပုံရိုက်ချ င်သေးတယ်။
|
အန်းနာ | CHOTTO MATTE KUDASAI. MÔ SUKOSHI SHASHIN O
TORITAI DESU.
ကျေးဇူးပြုပြီးခဏစောင့်ပါဦး။ နောက်ထပ်နည်းန ည်းလောက် ဓာတ်ပုံရိုက်ချ င်သေးတယ်။
|
|
健太 | 雨にぬれたら、風邪をひくよ。 | မိုးစိုရင်အ အေးမိလိမ့်မယ်နော်။
|
ခဲန်းတာ | AME NI NURETARA, KAZE O HIKU YO.
မိုးစိုရင်အ အေးမိလိမ့်မယ်နော်။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
TAI DESU
တခုခုကိုလုပ်ချင်ရင် MASU ပုံစံကြိယာက MASUဆိုတာကို ဖြုတ်TAIလို့ပြောင်းရပါမယ်။ DESU ကို TAI ရဲ့နောက်မှာပေါင်းထည့်ရင် ယဉ်ကျေးတဲ့ပုံစံ စာကြောင်းဖြစ်သွားပါတယ်။
ဥပမာ SHASHIN O TORIMASU ဓာတ်ပုံရိုက်မယ်။
SHASHIN O TORITAI DESU ဓာတ်ပုံရိုက်ချင်တယ်။
သင်ပေးပါဆရာမ
TARA နဲ့ TO ရဲ့ကွာခြားချက်
TARA နဲ့ TOစကားလုံး က အခြေအနေကိုဖော်ပြတဲ့စကားလုံးပါ။ တစ်ခုခု ဖြစ်မှာသေချာတဲ့ အနေအထားမျိုးမှာ TARA ဒါမှမဟုတ် TOကိုသုံးပါတယ်တဲ့။
အိုနိုမာတိုပဲ
မိုးခြိမ်းသံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်ရဲ့ရာသီဥတုနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောစမှတ်ပြုတာတွေရှိတယ်။ ဒီနေ့နေဝင်တာလှရင် မနက်ဖြန်နေသာမယ်တဲ့။ ဒါမှမဟုတ် မနက်ပိုင်းမှာ သက်တန့်ထွက်တယ်ဆိုရင် မိုးရွာမယ်တဲ့။
