သင်ခန်းစာ 29
အနီးကကြည့်တော့ ကြီးတယ်နော်
ထိုင်းနိုင်ငံက ကျောင်းသူလေး အန်းနာဟာ ဆာ့ခူရာရဲ့ဇာတိဖြစ်တဲ့ ရှီဇူအိုကာမြိုကိုအလည်အပတ်ရောက်နေပါတယ်။ ခဲန်းတာ ကအန်းနာကို ဖူဂျီတောင်ရဲ့ အလှပဆုံးရှုခင်း ရှိတဲ့နေရာဆီကို ခေါ်သွားခဲ့ပါတယ်
အဓိက စကားပြောများ
CHIKAKU DE MIRU TO, ÔKII DESU NE
သင်ခန်းစာ စာမူများ
アンナ | 富士山だ。 近くで見ると、大きいですね。 |
ဖူဂျီတောင်ပဲ။ အနီးကကြည့်တော့ ကြီးတယ်နော်။
|
---|---|---|
အန်းနာ | FUJISAN DA. CHIKAKU DE MIRU TO, ÔKII DESU NE.
ဖူဂျီတောင်ပဲ။ အနီးကကြည့်တော့ ကြီးတယ်နော်။
|
|
アンナ | あれ。雲の形が帽子みたいです。 | ဟင် ... တိမ်ပုံစံ ကဦးထုပ်လိုမျိုး ဖြစ်နေတယ်။
|
အန်းနာ | ARE. KUMO NO KATACHI GA BÔSHI MITAI DESU.
ဟင် ... တိမ်ပုံစံ ကဦးထုပ်လိုမျိုး ဖြစ်နေတယ်။
|
|
健太 | あの雲が見えると、雨が降るんだよ。 | ဟိုတိမ်ကို မြင်ရတယ်ဆိုရင် မိုးရွာမှာလေ။
|
ခဲန်းတာ | ANO KUMO GA MIERU TO, AME GA FURU N DA YO.
ဟိုတိမ်ကို မြင်ရတယ်ဆိုရင် မိုးရွာမှာလေ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
TO
TO ဆိုတာရဲ့ရှေ့မှာ လာတာ ကြိယာက အဘိဓာန်ပုံစံ ဒါမှမဟုတ် NAI ပုံစံကြိယာဖြစ်ရင် အခြေအေန တစ်ခုကို ဖေါ်ပြပါတယ်။
ဥပမာ ANO KUMO GA MIERU TO, AME GA FURIMASU ဟိုတိမ်ကိုမြင်ရရင် မိုးရွာမှာပဲ လို့ အဓိပ္ပာယ်ရပါတယ်။
သင်ပေးပါဆရာမ
N DA -တခုခုကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ ထည့်ပြော ရပါတယ်။
N DAရဲ့အခြေခံပုံစံကNO DAပါ။အခြေအနေဘယ်လိုဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ NO DA ကိုထည့်ပြောရပါတယ်။သာမန်ပြောနေကျ စကားတွေမှာ N DA ကိုသုံးပြီး ပိုပြီးယဥ်ကျေးအောင်ပြောရင် N DESU လို့ပြောပါတယ်။
အိုနိုမာတိုပဲ
မိုး
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဖူဂျီတောင်ကိုတိမ်တွေအုပ်မိုးနေတာသိပ်လှတယ်။တိမ်ပုံစံကို ကြည့်ပြီး ရာသီဥတုကို ခဲန်းတာ က ခန့်မှန်းနိုင်တယ်ဆိုတော့ သူကဗဟုသုတ ကြွယ်ဝတာပဲ။ အားကိုးရတယ်။
